အိမ်ထောင်ရှိ အမျိုးသမီးကို လက်ထိပ်ခတ် သားမယားပြုကျင့်မှုဖြစ်ပွား ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြင့် ထပ်မံစစ်ဆေး အမှုဖွင့်ထား

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကိုလက်ထိပ်ခတ်ဖမ်းဆီး ခေါ်ဆောင်ကာသားမယားအဖြစ်ပြုကျင့်မှု့ ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ...


မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကိုလက်ထိပ်ခတ်ဖမ်းဆီး
ခေါ်ဆောင်ကာသားမယားအဖြစ်ပြုကျင့်မှု့ ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူများကို ပြည်သူ့ ဝန်ထမ်းအယောင်ဆောင်မှုဖြင့်စစ်ဆေးနေကြောင်း
ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

မှုခင်းဖြစ်စဉ်
---- ---- ---- ----

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၉း၃၀ နာရီခန့် က မ - - -(ခ) - - ၊(၂၁)နှစ် ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးကျော်စိန်၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူသည် ခင်ပွန်း - - -၊ သမီး မ- - -(၅)လတို့နှင့်အတူ သီရိမန္တလာကားကွင်းအနီးနေ သူငယ်ချင်း မစုမာ၏နေအိမ်မှ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ၈၄လမ်း (၂၉x၃၀)လမ်းကြားတွင် ဆိုင်ကယ်ဆီပြတ်၍ ခင်ပွန်းနှင့်
သမီးဖြစ်သူတို့က ဆိုင်ကယ်တွန်းသွားပြီး မ - - -(ခ) - - က ဆီဝယ်ရန်
တစ်ဦးတည်း ဆီဆိုင်လိုက်ရှာခဲ့ကြောင်း၊

(၈၄x၃၆)လမ်းအရောက်တွင် အမျိုးသား(၂)ဦး (စိစစ်ဆဲ) ဆိုင်ကယ်ဖြင့်
ရောက်ရှိလာပြီး မ - - -(ခ) - - ကို လက်ထိပ်ခတ်ခဲ့ကြောင်း၊ မ - - -(ခ) - - က "ဘာအပြစ်ရှိလို့လဲ"ဟု မေးရာ အမျိုးသား(၂)ဦးက "လျှာမရှည်နဲ့ စခန်းရောက် မှ ရှင်းမယ်" ဟု ပြောဆိုကာ မဟာအောင်မြေမြို့မရဲစခန်းသို့ 
ခေါ်ဆောင်ခဲ့ပါကြောင်း၊

ရဲစခန်းရှေ့အရောက်တွင် မ - - -(ခ) - - အား လူငယ်(၁)ဦးနှင့်အတူ ထားခဲ့ကာ ကျန်လူငယ်(၁)ဦးက ရဲစခန်းဝင်းအတွင်း ဝင်သွားခဲ့ကြောင်း
ခဏအကြာ၌ အဆိုပါလူငယ် ပြန်ထွက်လာပြီး
"ဆရာတို့မရှိဘူး ပတ်ကင်း လှည့်သွားတာနေမှာ"ဟု ပြောဆိုကာ
ဆိုင်ကယ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ပါကြောင်း ၊

မန်းမြို့ဈေး အကျော် (၈၄x၄၀)လမ်းဆုံအရောက်တွင်
ဆိုင်ကယ်နောက် မှ ပါလာသူ လူငယ်အားဆင်းခိုင်းပြီး ဆိုင်ကယ်မောင်းသူနှင့် မရွှေစင်ခိုင်(ခ) သက်ထားတို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း၊

အမရပူရမြို့နယ်၊ ရွှေကြက်ယက်ရွာအနီး ဝါးရုံတော၌ အဆိုပါလူငယ်က
မ - - -(ခ) - - ကိုလက်ထိပ်ခတ်လျက်သားမယား(၂) ကြိမ်ပြုကျင့်ခဲ့ကြောင်း၊

ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် မဟာမြတ်မုနိဘုရားကြီး
အရှေ့ဘက်မုခ်သို့အရောက် ဆိုင်ကယ်ဆီပြတ်သဖြင့် မ - - -(ခ) - - ကို
လက်ထိပ်ဖြုတ်၍ ထားခဲ့ကြောင်း၊

မ - - -(ခ) - - ကခင်ပွန်းထံသို့ ဆက်သွယ်၍ ခင်ပွန်းနှင့်အတူ
မဟာအောင်မြေမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပါကြောင်း၊
မဟာအောင်မြေမြို့မရဲစခန်းက အမှုအား အမရပူရမြို့မရဲစခန်းသို့
သွားရောက် တိုင်ကြားရန် လမ်းညွှန်ခဲ့ကြောင်း၊

မ - - -(ခ) - - နှင့် ခင်ပွန်းဖြစ်သူ ကိုယ်တိုင် ပြစ်မှုကျူးလွန်သူအား လိုက်လံရှာဖွေနေသောကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့မှသာ အမရပူရမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းကြောင်း၊

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂း၃၀ နာရီအချိန် လက်ထိပ်ခတ်၍
သားမယားပြုကျင့်ခဲ့သူ(ဖမ်းမမိ)အား အမရပူရမြို့မရဲစခန်းက (ပ)၃၃၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၄၂(မုဒိမ်းမှု/မတရားချုပ်နှောင်မှု) ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်း သတင်းရရှိသည်။

မသင်္ကာသူများ ၀န်ခံထွက်ဆို
---- ---- ---- ---

အောက်တိုဘာလ ၆ ရက်နေ့ည ၈ နာရီအချိန်က အမရပူရမြို့မရဲစခန်းမှ
ရဲအုပ် မင်းပိုင်ဦး ဦးစီးအဖွဲ့နှင့် တိုင်းအကူတပ်ဖွဲ့မှ ရဲအုပ် စစ်ဆန်းဦး
ဦးစီးအဖွဲ့တို့သည် သိပ္ပံလမ်း အောင်ပင်လယ်ဘိုးဘိုးကြီးအဝိုင်းအနီး၌
သတင်း အရ မသင်္ကာသူ အောင်ကျော်မြင့်၊(၂၇)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ (ဘ)ဦးမောင်လေး (၃)ရပ်ကွက် မြိုင်မြို့နေသူအား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ၎င်း၏ခါးတွင် ရဲတပ်ဖွဲ့သုံး ရဲတံဆိပ်ပါ ခါးပတ်(၁)ချောင်း
နှင့် လက်ထိပ်(၁)ခု တို့ တွေ့ရှိသိမ်းဆည်းခဲ့ပါကြောင်း၊

အောင်ကျော်မြင့်အား စစ်မေးရာ ၎င်းသည် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီအချိန်က မာမီ(မိန်းမလျာ/စိစစ်ဆဲ)နှင့်အတူ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် (၈၄x၃၆)ကြားအရောက်၌ မိန်းမလျာ(၁)ဦးနှင့် အမျိုးသမီး(၂)ဦးဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်းတို့အနီးတွင်ရပ်ခဲ့ကြောင်း၊

၎င်းနှင့် မာမီတို့က အမျိုးသမီး(၂)ဦး အနက် ထဘီအနီရောင် ဝတ်ထားသည့်
အမျိုးသမီး (မ - - -(ခ) - - )အား လက်ထိပ်ခတ်၍ ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ မဟာအောင်မြေမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးသည်ဟု ထင်အောင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊

၎င်းတို့(၃)ဦး ဆိုင်ကယ်ဖြင့် ဆက်လက် ထွက်ခွာလာရာ အမရပူရမြို့နယ် သံလမ်းအကျော်၌ မာမီအားချထားခဲ့ပြီး သံလမ်းအကျော် ကွမ်းယာဆိုင်၌
မ - - -(ခ) - - အား သားမယားအဖြစ်(၂)ကြိမ်ပြုကျင့်ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်။

အယောင်ဆောင်မှုဖြင့် ထပ်မံအမှုဖွင့်စစ်ဆေး
--- --- -----

တရားခံ အောင်ကျော်မြင့်အား ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ရဲခါးပတ် (၁)ချောင်း၊ လက်ထိပ်(၁)ကွင်းတို့နှင့်အတူ အမရပူရမြို့မရဲစခန်းသို့
လွှဲပြောင်းအပ်နှံခဲ့ပြီး မာမီ(စိစစ်ဆဲ)အား ဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိပြီး
ဖမ်းဆီးရမိထားသည့် အောင်ကျော်မြင့်အား အမရပူရ မြို့မရဲစခန်းက (ပ)၃၄၃ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၁၇၀ (ပြည်သူ့ဝန်ထမ်း အယောင်
ဆောင်မှု)ဖြင့် ထပ်မံအမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Refး မြန်မာနိုင်ငံရဲတပ်ဖွဲ့ 
The Ladies News

COMMENTS

Name

art,1,article,1279,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6415,interview,206,Live,8,LocalNews,14072,news,2842,opinion,750,photos,202,poem,114,satires,38,song,12,speech,11,sports,127,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: အိမ်ထောင်ရှိ အမျိုးသမီးကို လက်ထိပ်ခတ် သားမယားပြုကျင့်မှုဖြစ်ပွား ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြင့် ထပ်မံစစ်ဆေး အမှုဖွင့်ထား
အိမ်ထောင်ရှိ အမျိုးသမီးကို လက်ထိပ်ခတ် သားမယားပြုကျင့်မှုဖြစ်ပွား ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြင့် ထပ်မံစစ်ဆေး အမှုဖွင့်ထား
https://3.bp.blogspot.com/-FFNGRUo2oME/WdoLttpaQ8I/AAAAAAAAdaA/myVuHMBV1FIHnb-UH20uUJhaqGtThjNdwCLcBGAs/s320/q1.jpg
https://3.bp.blogspot.com/-FFNGRUo2oME/WdoLttpaQ8I/AAAAAAAAdaA/myVuHMBV1FIHnb-UH20uUJhaqGtThjNdwCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/10/blog-post_24.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/10/blog-post_24.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy