အောက်စ်ဖို့ဒ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားဖယ်ရှားခံရမှု ပြည်သူများဝေဖန်


အမေရိကန်−တရုတ် ပန်းချီဆရာ မစ္စတာချန်ယန်နင်း ရေးဆွဲပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကား (ဓာတ်ပုံ − St Hugh's College, University of Oxford)

အောက်စ်ဖို့ဒ်တက္ကသိုလ် ရှိ အကြီးဆုံးကောလိပ်များအနက် တစ်ခုဖြစ်သည့် စိန့်ဟုခ်ျကော လိပ်ပင်မအဆောက်အအုံအ၀င် ၀၌ ပြသထားသော ဒေါ်အောင် ဆန်းစုကြည်ပုံတူပန်းချီကားဖယ် ရှားခံရမှုအပေါ် ဝေဖန်မှုများထွက် ပေါ်ခဲ့သည်။

ဘင်္ဂါလီအရေးကို ကိုင်တွယ် ပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိနေစဉ် ယခင်က ဒေါ်အောင် ဆန်းစုကြည်အား ဂုဏ်ပြုဆုပေး အပ်ခဲ့သည့် အောက်စ်ဖို့ဒ်တက္က သိုလ်က ယင်းပုံတူပန်းချီကို ဖယ် ရှားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပန်းချီကားသည် ဒေါ်အောင်ဆန်းစုကြည်၏ (၅၂) နှစ်မြောက် မွေးနေ့လက်ဆောင် အဖြစ် အမေရိကန်−တရုတ် ပန်း ချီဆရာ မစ္စတာချန်ယန်နင်းက ရေးဆွဲပြီး ခင်ပွန်းဖြစ်သူ မစ္စတာ မိုက်ကယ်အဲရစ်အား လက် ဆောင်ပေးခဲ့သော ပန်းချီကားဖြစ် သည်။

‘‘ဒါဟာ ကမ္ဘာက အကြမ်း ဖက်မှုတွေရဲ့ လှုပ်ရှားမှုတွေထဲ မှာကြောင်ပြီးတော့ ပါဝင်တဲ့ဟာ တစ်ခုမျှသာဖြစ်တယ်။ ကျွန်တော် ဒီအတိုင်းပဲယုံတယ်’’ ဟု ပန်းချီ ဦးဝင်းဖေက ပန်းချီကားဖယ်ရှား ခံရမှုနှင့်ပတ်သက်၍ပြောသည်။

တစ်ကမ္ဘာလုံးက လုပ်ကြံ ဖန်တီးထားသော သတင်းအတု များနှင့် လော်ဘီများ၏တစ်စိတ် တစ်ပိုင်းအောင်မြင်မှုဖြစ်သည်ဟု ဆရာဦးဝင်းဖေက ဆိုသည်။‘‘ဘင်္ဂါလီတွေ မျိုးတုံးသွား အောင် သတ်ဖြတ်နေပါပြီဆိုပြီး အင်မတန်မှ ယုတ္တိမရှိတာတွေ လျှောက်ပြောတယ်။ အဲဒါတွေက တစ်စုံတစ်ရာသောအဆင့်အထိ အောင်မြင်သွားတဲ့ သဘောပေါ့ ဗျာ’’ ဟု ၎င်းကဆိုသည်။

အဆိုပါပန်းချီကားဖယ်ရှား ခံရမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဖေ့စ်ဘွတ်ခ်တွင် အဆိုပါပန်းချီ ကားပုံတင်ခြင်း၊ ပရိုဖိုင်ပုံပြောင်း လဲခြင်းတို့ကို နယ်ပယ်စုံမှမြန်မာ ပြည်သူအမြောက်အမြားက စက် တင်ဘာ ၃၀ ရက်၌ ပြုလုပ်ခဲ့ သည်။

‘‘ကျွန်တော့် ပရိုဖိုင်ပုံပြောင်း လိုက်တယ်။ ဒီအမေက ကျုပ်တို့ ရင်နဲ့အမျှပါဗျာ။ ဒီအမေဟာ ကျုပ်ရင်ထဲအမြဲရှိနေမှာ’’ ဟု စာ ရေးဆရာ ထင်လင်းဦးက သူ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထား သည်။ သူသည် အောက်စ်ဖို့ဒ်က ဖယ်ရှားခဲ့သော ဒေါ်အောင် ဆန်းစုကြည်ပုံတူ ပန်းချီကားကို ပရိုဖိုင်ပုံပြောင်းခဲ့သည်။

‘‘မြန်မာနိုင်ငံသား သန်းငါး ဆယ်အတွက် ဒီမိုကရေစီရေးကြိုး စားနေပါတယ်ဆိုပြီး ခင်ဗျားတို့ ချီးမွမ်းခဲ့တဲ့ပုဂ္ဂိုလ်ကို ဘင်္ဂါလီငါး သိန်းကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုတဲ့အတွက် စိတ် ကောက်မယ်ဆိုရင်လည်း ကောက် ပေါ့။ လိုတစ်မျိုး၊ မလိုတစ်မျိုး ကုလားဖြူတွေအကြောင်း မြန်မာ ပြည်သူတွေသိရတာ အမြတ်ပဲ’’ ဟု ယခင်အစိုးရ လက်ထက် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က သူ၏ဖေ့စ်ဘွတ်ခ်တွင်ရေး သားထားသည်။

‘‘အခြေအနေမှန်ကို သေချာ ဝေဖန်သုံးသပ်ခြင်း မရှိဘဲနဲ့ တ ကယ့်ကို မြန်မာနိုင်ငံရဲ့ ပြဿနာ တွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ကြိုး စားနေတဲ့မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်ရဲ့ ဓာတ်ပုံကို ဖယ်ရှားတာ ဟာ တကယ့်ကိုမဆင်မခြင်လုပ် ရပ်တစ်ခုပဲ’’ ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးဂျင် မီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူများစွာကို ရေးဆွဲခဲ့ပြီး ပြပွဲ များ ပြုလုပ်ခဲ့သည့် ပန်းချီဆရာ အမ်ပီပီရဲမြင့်ကလည်း အဆိုပါ လုပ်ရပ်အပေါ် အံ့ဩမိသည်ဟုဆိုသည်။

‘‘တော်တော်ကို ထိုးနှက် လိုက်တဲ့လုပ်ရပ်ပါ’’ ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ဖယ်ရှားကာ ဂျပန်ပန်းချီကားတစ်ချပ်ဖြင့် အ စားထိုးခဲ့သည်ဟု အောက်စ်ဖို့ဒ် တက္ကသိုလ်က ပြောသည်။

၎င်း၏ပုံတူပန်းချီကို ဂျပန် အနုပညာရှင်ယိုရှီဟီရိုတာကာဒါ ၏ ပန်းချီကားတစ်ချပ်နှင့်အစား ထိုးခဲ့ခြင်းဖြစ်သည်။

ယင်းတက္ကသိုလ်မှ ဆက် သွယ်ရေးမန်နေဂျာဘင်ဂျမင် ဂျုံးစ်က တာကာဒါ၏ ပန်းချီကား ကို အချိန်အတိုင်းအတာတစ်ခုအ ထိ ချိတ်ဆွဲပြသထားစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်း ချီကားကို လုံခြုံသောနေရာတစ်ခု သို့ ရွှေ့ပြောင်းထားသည်ဟု The Swan Student သတင်းစာအား ပြောကြားသည်။

ဂျပန်ရိုးရာနည်းစနစ်နှင့်ပန်း ပွင့်ပုံများ ရေးဆွဲထားသည့် ဂျပန် ပန်းချီကားအသစ်ကို ယခုလဆန်း က ယင်းတက္ကသိုလ်သို့ လက် ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ပင်မ အဆောက်အအုံအ၀င်ဝ၌ ပြသ ထားသည်။

‘‘ကောလိပ်ဘက်ကတော့ ဒီ လိုဖြုတ်တာဟာ ရခိုင်ကိစ္စ ကြောင့်ဆိုပြီး ပြောတာမတွေ့ရ ဘူး။ တခြားပန်းချီကားတစ်ခုကို ချိတ်ဖို့ ဒါကို သိမ်းတယ်ဆိုပြီးပဲ ပြောတယ်။ အပြီးသိမ်းထားလား၊ ခဏဖြုတ်ပြီး ပြန်တပ်မှာလားဆို တာ မကွဲပြားဘူး။ ဒါပေမဲ့ နိုင်ငံ တကာမီဒီယာတွေရော၊ လူ့အခွင့် အရေးလော်ဘီတွေကတော့ ဒီ ကိစ္စနဲ့ဖြုတ်ပါတယ်လို့ စွပ်စွဲပြော ဆိုနေကြတာပဲ။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ ဒီကိစ္စကြောင့် ဖြုတ် ပါတယ်ဆိုတဲ့စကားကို ဘယ်သူ က တာဝန်ယူပြီးပြောမှာလဲ’’ ဟု ယခုလဆန်းပိုင်းက အဆိုပါပန်း ချီကားကို သွားရောက်ကြည့်ရှုခဲ့ သည့် မရွှေယင်းမာဦးက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည် သည် စိန့်ဟုခ်ျဒေသကောလိပ်မှ ၁၉၆၇ တွင် ဘွဲရခဲ့သည်။

ဗြိတိန်ရောက် မြန်မာအများ စုသည် အဆိုပါနေရာသို့ မဖြစ်မနေ သွားရောက်လေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီနှင့်အတူ ဓာတ်ပုံတွဲရိုက်လေ့ရှိသည်။

၁၈၈၆ တွင် တည်ထောင်ခဲ့ သော အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ အကြီးဆုံးကောလိပ်များအနက် တစ်ခုဖြစ်သည့် စိန့်ဟုခ်ျကော လိပ်၌ ကျောင်းသား ၈၀၀ ခန့် တက်ရောက်နေသည်။
http://www.7daydaily.com/story/108962
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.