ကချင်ဘာသာရေးခေါင်းဆောင် ၂ဦးကို မတရားအသင်းဆက်သွယ်မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းက သင်းအုပ်ဆရာ ဦးနောင်လတ် နဲ့ လူငယ်တာဝန်ခံ ဦးဂမ်ဆိုင်း

ကချင်ဘာသာရေးခေါင်းဆောင် ၂ ဦးကို မတရားအသင်းဆက်သွယ်မှု နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်ပြီး ပြစ်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းက သင်းအုပ်ဆရာ ဦးနောင်လတ် နဲ့ လူငယ်တာဝန်ခံ ဦးဂမ်ဆိုင်းတို့ကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအ၀င် တပ်မတော်အပေါ် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ လားရှိုး ခရိုင်တရားရုံးက ပြစ်ဒဏ်တွေချမှတ်လိုက်တာဖြစ်ပါတယ်။ သင်းအုပ်ဆရာ ဦးနောင်လတ်ကိုတော့ ထောင်ဒဏ် ၄ နှစ် နဲ့ ၃ လ ချမှတ်ခဲ့ပြီး၊ ဦးဂမ်ဆိုင်းကိုတော့ ၂ နှစ် နဲ့ ၃ လ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ဦးကို အခုလို ပြစ်ဒဏ်တွေချမှတ်လိုက်တဲ့အပေါ်မှာ စိုးရိမ်ပူပန်မိကြောင်း ရန်ကုန်မြို့အမေရိကန်သံရုံးကလည်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် သူတို့ကိုထိန်းသိမ်းထားစဉ် ညှင်းပန်းနှိပ်စက်ခံရမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်မိသလို၊ မတရားအသင်းနဲ့ ဆက်သွယ်မှုဥပဒေ အပါအ၀င် တခြားဥပဒေတွေနဲ့ နိုင်ငံသားတွေအပေါ် တရားမဲ့ဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် Fortify Rights နဲ့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း သူတို့အပေါ် စွဲချက်တွေကို ပြန်ရုတ်သိမ်းဖို့ ဒီကနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ရွာသားတွေအပေါ် တပ်မတော်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ဗီအိုအေအပါအ၀င် သတင်းမီဒီယာ တွေကို အင်တာဗျူးတွေ ပြောကြားခဲ့တဲ့အတွက် သူတို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.