နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် နန်းမွေဆက်ခံသည့် နှစ် ၅၀ ပြည့် ဂုဏ်ပြုညစာစားပွဲတက်ရောက်





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၆ ရက် ဒေသစံတော်ချိန် ၂၀:၀၀ နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ Istana Nurul Imam ဘုရင့်နန်းတော်၌ ကျင်းပသည့် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံသည့် နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ဘရူနိုင်းဘုရင်မင်းမြတ်၏ နန်းမွေဆက်ခံသည့် နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးချုပ်များ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံ များမှ တော်ဝင်မိသားစုဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Credit-MOFA
The Ladies News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.