ဇေယျာဖြိုးသည်ယခင်က ပြည်ထဲရေးနှင့် ချိတ်ဆက်၍စီးပွားရေးလုပ်ကိုင်ခဲ့ဖူးကြောင်း ၎င်း၏ရှေ့နေပြော


 ဦးကိုနီကို လုပ်ကြံမှုဖြင့် တရားရင်ဆိုင်နေသူ ဇေယျာဖြိုး သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် စီးပွားရေး ချိတ်ဆက်လုပ်ကိုင်မှု များရှိခဲ့ကြောင်း ဇေယျာဖြိုး၏အကျိုးဆောင်ရှေ့နေ ဒေါ်ပပဝင်းက တရားခွင်တွင်ပြောသည်။
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံ ရမှုနှင့်ပတ်သက်ပြီး မြောက်ပိုင်း ခရိုင်တရားရုံးတွင် အောက်တိုဘာ၁၃ ရက်က တရားလိုပြသက်သေ ငါးဦးကို စစ်ဆေးခဲ့ပြီး ဇေယျာဖြိုး ကုမ္ပဏီသို့ ဝင်ရောက်ရှာဖွေခဲ့ သည့် ရှာဖွေသက်သေသုံးဦးနှင့် လေဆိပ်ဝန်ထမ်း နှစ်ဦးကို စစ် ဆေးခြင်းဖြစ်သည်။

တရားလိုပြသက်သေအဖြစ် ဗဟန်းမြို့မရဲစခန်းက ဒုရဲအုပ် ကျော်ကျော်ထွဋ်ကို စစ်ဆေးနေ ချိန်တွင် ဇေယျာဖြိုး၏ရှေ့နေက ဇေယျာဖြိုးသည် ယခုအမှုနှင့် ပတ် သက်မှုမရှိကြောင်း ပေါ်လွင်စေ လိုသည့်သဘောဖြင့် အငြိမ်းစား ရဲချုပ်ဇော်ဝင်းက ပေးခဲ့သည့် ဆု တံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်း များအပြင် ရဲတပ်ဖွဲ့နှင့် ဇေယျာ ဖြိုးတို့ ပူးပေါင်းဆောင်ရွက်နေ သည့် စီးပွားရေးဆိုင်ရာ စာချုပ် အချို့ကို ပြန်လှန်မေးခွန်း မေးမြန်းရာတွင် ထည့်သွင်းမေးမြန်းခဲ့ သည်။

‘‘စာချုပ်ကတော့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ စာချုပ်တွေပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းတွေရှိ မယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တင် သွင်းတဲ့ စပိဘုတ်တွေ အရောင်း အဝယ် လုပ်တာတွေ ရှိမယ်။ နောက်ပြီးတော့ အဆောက်အအုံ ဆောက်မယ်။ ရဲဌာနချုပ် အ ဆောက်အအုံတွေရှိမယ်။ တခြား အဆောက်အအုံတွေရှိမယ်။ အဲဒါ တွေကို တင်ပြတာပါ။ တခြားအပေးအယူစာချုပ် ဘာမှလည်း မရှိ ပါဘူး’’ဟု ဒေါ်ပပဝင်းက ပြော ကြားသည်။

ထို့အပြင် ဗဟန်းမြို့နယ်အ တွင်းရှိ ဇေယျာဖြိုး၏ကုမ္ပဏီရုံး ခန်းသို့ ဝင်ရောက်ရှာဖွေရာတွင် အဓိကစာရွက်စာတမ်းများ၊ စကားပြောစက်နှစ်လုံး၊ အပိုဘက်ထရီ ခြောက်လုံးနှင့် သေနတ်အိတ် နှစ်ခုအပြင် ဦးဝီရသူ၏ ဂန္ထဝင်တရားတော်အခွေကို တွေ့ရှိခဲ့ကြောင်း တရားလိုရှေ့နေ ဦးနေလက ပြောသည်။

‘‘အဓိကအချက်က သေနတ် အိတ်နှစ်အိတ်နဲ့ဦးဝီရသူရဲ့ ဂန္တဝင် တရားတော်ပေါ့။ ဘယ်လိုဆက် စပ်မှုရှိလဲဆိုတာတော့ မသိရဘူး။ သူတို့ရှေ့နေ မေးမြန်းချက်အရ ရဲချုပ်ဇော်ဝင်းဆီက ဂုဏ်ပြုမှတ် တမ်းတွေ၊ ဆုတံဆိပ်တွေရထား တာ တွေ့ရတယ်။ ရဲချုပ်ဇော်ဝင်း ကလည်း သတင်းစာရှင်းပွဲတုန်း က လူငယ်သဘာဝ မခံချင်စိတ်နဲ့ လုပ်တယ်ဆိုတဲ့ သူ့ရဲ့ရှင်းလင်း ချက်နဲ့ ဇေယျာဖြိုးရဲ့ ဆက်စပ်မှုကို ကြည့်မယ်ဆိုရင်တော့ အားလုံးဆက်စပ်စဉ်းစားလို့ ရတယ်လို့ ပြောချင်ပါတယ်’’ဟု ၎င်းက ဆို သည်။

သို့သော် ဇေယျာဖြိုး၏ရုံးခန်း သို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စဉ် ရုံးခန်းအတွင်း သေနတ်အိတ်များ၊ စကားပြောစက်များ ရောက် ရှိနေခြင်းကို ဇေယျာဖြိုးသိရှိခြင်း မရှိဘဲ ဇေယျာဖြိုးသည် ကျန်းမာ ရေးအခြေအနေကြောင့် အနားယူ ထားချိန်ဖြစ်ပြီး သိမ်းဆည်းထား သည့် သက်သေခံ ပစ္စည်းများနှင့် ယခုအမှုမှာ ပတ်သက်မှုမရှိ ကြောင်း ဇေယျာဖြိုးရှေ့နေက ငြင်းဆိုခဲ့သည်။

‘‘ဒီအမှုနဲ့ပတ်သက်ပြီး သိမ်း ထားတဲ့ ရှာဖွေပစ္စည်းတွေက ဒီအ မှုနဲ့မပတ်သက်ပါဘူး။ တရားခွေ ကလည်း လွတ်လပ်တဲ့ သူတစ် ယောက်အနေနဲ့ အခန်းမှာထားလို့ရတာပဲလေ။ အမှုနဲ့ ပတ်သက် တယ်လို့ ပြောလို့မရဘူး။ ဒါကို တခြားရှေ့နေတွေက ပြောတယ်။ တရားခွေနဲ့သေနတ်အိတ်နဲ့ဘယ် လို ပတ်သက်လဲဆိုတာ သူတို့ရဲ့ ထင်ကြေးတွေကို ပြောတာ။ ဒါက တရားရုံးက ဆုံးဖြတ်ပါမယ်။ သေနတ်အိတ်ဆိုတာ မင်္ဂလာဒုံ ဈေးမှာလည်း ဝယ်လို့ရတယ်။ ဇေ ယျာဖြိုးဟာ အလှူအတန်းတွေ လုပ်တဲ့သူ၊ ဘာသာရေးကိုင်းရှိုင်း တဲ့သူတစ်ယောက်ဖြစ်လို့ ဒီိလိုအ လုပ်မျိုးကို ကျူးလွန်ဖို့ရာအတွက် ခဲယဉ်းတယ်ဆိုတာ ပြသတာပါ’’ ဟု ဒေါ်ပပဝင်းက ပြောသည်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု ၏(၂၇)ကြိမ်မြောက် ရုံးချိန်းတွင် ဗဟန်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော်ထွဋ်၊ ဆရာစံ ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးတင် မောင်အေး၊ ရာအိမ်မှူးကို စည်သူ အောင်၊ ရန်ကုန်လေဆိပ်မှ ကား ပါကင်ဝန်ထမ်း ကိုအောင်ပိုင်စိုး နှင့် လုံခြုံရေးကင်မရာခန်းမှ မသဇင်ထွေး(ခ)သိမ့်သိမ့်ထွန်းတို့ကို စစ်ဆေးခဲ့သည်။

အမှုမှ ထွက်ပြေးလွတ် မြောက်နေသည့် အောင်ဝင်းခိုင် သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဟာရီယာကား အ မည်းရောင်ဖြင့် ရောက်ရှိလာပြီး ကားပါကင်ဝန်ထမ်း အောင်ပိုင်စိုး ကို VIP ထွက်ပေါက် မည်သည့် နေရာတွင်ရှိကြောင်း မေးမြန်းသဖြင့် ညွှန်ပြခဲ့ပုံ၊ အောင်ဝင်းခိုင်၏ကားကို ပါကင်နေရာချပေးခဲ့ပုံ များကို ကိုအောင်ပိုင်စိုးက တရား ခွင်တွင် ထွက်ဆိုခဲ့သည်။

ထို့အပြင် လုံခြုံရေး ကင်မရာ အခန်းအတွင်းမှ မသဇင်ထွေး သည်လည်း ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ချိန်တွင် အဆိုပါ အခန်းအတွင်း အခြားဝန်ထမ်းနှစ်ဦး နှင့်အတူ တာဝန်ထမ်းဆောင်နေပြီး ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပုံကို လုံခြုံရေးကင်မရာမှတစ်ဆင့် မြင်တွေ့ကာ ကင်မရာတွင် မသဲကွဲသဖြင့် အောက်သို့ ဆင်းကြည့်ခဲ့ပုံများကို အသေးစိတ်ထွက်ဆိုသည်။

‘‘သက်သေတွေက သာမန် ထွက်နေတဲ့အချိန်မှာ အပြန်အ လှန်မေးမြန်းမှုတွေက တကယ်ကို ထိရောက်တာ တွေ့ရပါတယ်။ လက်ရှိ အငြိမ်းစားရဲချုပ်ဇော်ဝင်း နဲ့ ဇေယျာဖြိုးနဲ့ အရင်က ပတ်သက်ခဲ့တာတွေ၊ ရင်းရင်းနှီးနှီးရှိခဲ့တဲ့အခြေအနေတွေ ပေါ်သွားတယ်။ ကွင်းဆက်တွေကတော့ ပေါ်လာ ပါပြီ’’ဟု ဦးနေဝင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည် ။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံ ရမှုအတွက် တရားရုံးသို့ တင်သွင်း ထားသည့် တရားလိုပြသက်သေ ၈၀ ဦးအနက် အောက်တိုဘာ ၁၃ ရက် ရုံးချိန်းအထိ တရားလိုပြသက် သေ ၄၇ ဦး စစ်ဆေးပြီးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီ၏ ဥပဒေအကြံ ပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားသမ္မတ နိုင်ငံတွင် ကျင်းပသည့် Senior Leadership Program လေ့လာ ရေးခရီးစဉ်မှ ပြန်လာစဉ် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်ကရန်ကုန်လေဆိပ် Terminal-1 အနီး ကားပါကင်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည်။

=============

7Day News Journal

http://www.7daydaily.com/story/110158
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.