မန္တ​လေး​ဆေးရုံကြီးတွင်​ လူနာရှင်​နှင့် ဧည့်​ကြိုဝန်​ထမ်းတို့ စကားများ​နေသည်​ကို ​စောင့်​ဆိုင်း​နေရ၍ လူနာ​သေဆုံးရခြင်းဆိုသည်​မှာ မဟုတ်မှန်



လူမှုကွန်​ယက်​မှာ ပျံ့နှံ့​နေသည့်​ မန္တ​လေး​ဆေးရုံကြီးတွင်​ လူနာရှင်​နှင့်​ ဧည့်​ကြိုဝန်​ထမ်းတို့ စကားများ​နေသည်​ကို ​စောင့်​ဆိုင်း​နေရ၍ လူနာ​သေဆုံးရခြင်းဆိုသည်​မှာ မဟုတ်​ကြောင်း ​ဆေးရုံအုပ်​ကြီးမှ ရှင်းလင်း​ပြောကြား
အောက်​တိုဘာလ ၈ရက်​​နေ့ ညပိုင်းက မန္တ​လေး​ဆေးရုံကြီး အ​ရေး​ပေါ်လူနာလက်​ခံကုသ​ဆောင်​(ERC)တွင်​ ကျောက်​​တောင်​​ပေါ်မှ ပြုတ်​ကျသည့်​လူနာအား လာ​ရောက်​ပို့​ဆောင်​စဉ်​ လူနာ​ရှင်​များနှင့်​ ​ဆေးရုံမှ ဧည့်​ကြိုဝန်​ထမ်းအမျိုးသမီးတို့ စကားများခဲ့ရာ အချိန်​​စောင့်​ဆိုင်း​နေရသဖြင့်​ လူနာမှာ​သေဆုံးသွားခဲ့​ရကြောင်း လူမှုကွန်​ယက်​​ပေါ်မှသတင်းမှာ မဟုတ်​မှန်​​ကြောင်း ​ဆေးရုံအုပ်​ကြီးက ​အောက်​တိုဘာလ ၉ရက်​​နေ့ ည​နေ ၆နာရီအချိန်​က မီဒီယာများနှင့်​ ​တွေ့ဆုံစဉ်​ ​ပြောကြားခဲ့သည်​။

"လူနာက ​ဆေးရုံ​ရောက်​စကတည်းက အသက်​​သေဆုံး​နေပြီးသားပါ။ အဲဒါ​ကြောင့်​လည်း လူနာရှင်​​တွေက ဆရာဝန်​ကို ကား​ပေါ်လာကြည့်​​ပေးဖို့​ခေါ်တယ်​။ သူတို့​ခေါ်တဲ့အချိန်​မှာ ​ဆေးရုံထဲမှာကလည်း အခြားအ​ရေး​ပေါ်လူနာ ၃၊ ၄ဦးကို ကုသမှု​တွေ​ဆောင်​ရွက်​​နေလို့ မအားကြဘူး၊ ဒါကိုသိတဲ့ ဧည်​ကြိုဝန်​ထမ်းက လူနာကို ကား​ပေါ်က ချ​ပေးဖို့​ပြောတယ်​။ နောက်​မှာလည်း အခြားလူနာတင်​ယာဉ်​​တွေဝင်​လာလို့ ကား​ရွှေ့​ပေးဖို့ပြောရက​နေစပြီး စကားများကြတယ်​၊ ဖြစ်​တာက လူနာရှင်​​တွေနဲ့မဟုတ်ပါဘူး ယာဉ်​​မောင်းနဲ့ဖြစ်​တာပါ၊ လူနာက ​အမြင့်​ ပေ ၅၀ ခန့်​ရှိတဲ့ ​ကျောက်​​တောင်​​ပေါ်က ပြတ်​ကျတာဖြစ်​ပြီး ​ကျောက်​ကပ်​၊ ဆီးအိမ်​နဲ့ ဆီးလမ်း​ကြောင်း
မှာ ဒဏ်​ရာရပြီး အာရုံ​ကြောစနစ်​ကို သွားထိတယ်​၊ ချက်​ခြင်း လတ်​တ​လော ​သေနိုင်​တဲ့ ဒဏ်​ရာဖြစ်​တယ်​၊ လာကတည်းက အသက်​ရှင်​ဖို့မရှိဘူး၊ လမ်းတစ်​ဝက်​​လောက်​မှာကတည်းက ​သေဆုံး​နေတယ်​ ထင်​တယ်​လို့ လူနာကို လိုက်​ပို့တဲ့သူ​တွေထဲက ​ပြောတယ်​၊ ဒါ့​ကြောင့်​ ဆရာဝန်​ကို ကား​ပေါ်တက်​ကြည့်​​ပေးခိုင်းတာပါ၊ ဧည့်​ကြိုဝန်​ထမ်းနဲ့ စကားများ​နေလို့ ​ဆေးကုမ​ပေးလို့ ​သေဆုံးသွားတာမဟုတ်​ပါဘူး၊ ဒါကို လူနာရရှင်​​တွေဘက်​ကလည်း လက်​ခံတယ်​"ဟု ​ဆေးရုံအုပ်​ကြီးက ​ပြောကြားသည်​။

"​လူမှုကွန်​ယက်​မှာ ပျံ့နှံ့​နေတဲ့ VIDEO မှာ တာဝန်​ကျဆရာဝန်​​တွေက လူနာကိုကား​ပေါ်က ချ လိုအပ်​တာ​တွေ လုပ်
ပေး​နေပါပြီ၊ အဲဒါ​တွေက Video မှာ မပါဘူး၊ စကားများနေတာပဲပါတယ်​၊ လူနာရှင်​​တွေနဲ့ အခြားလူနာ​စောင့်​​တွေလည်း သိတယ်​၊ တစ်​ဖက်​ကို ​ပြောမရလို့ ဒီဘက်​ကို ပြန်​​တောင်​ပန်​​နေကြတာပါ၊ အဲဒါကိုမှ ​ရှေ့က​ဖြစ်​​နေတာ​တွေမပါ​တော့ အထင်​လွဲကုန်​တယ်​၊ ဘာပဲဖြစ်​ဖြစ်​ ဒီကိစ္စ​တစ်​ခု​ကြောင့်​ ​ဆေးရုံကြီးရဲ့ အ​ကောင်းဆုံး​ဆောင်​ရွက်​​ပေး​နေတဲ့ ကုသ​ရေး
ပုံရိပ်​​တွေကို ထိခိုက်​ကျဆင်း​စေပါတယ်​၊ ဝန်​ထမ်း အဆင့်​ဆင့်​တိုင်းကို ယခုကဲ့သို့ဖြစ်​စဉ်​များမဖြစ်​ရ​အောင်​ ထိန်းသိမ်းကြပ်​မတ်​ ညွှန်​ကြား​ဆောင်​ရွက်​ထားပါတယ်​၊ ကိုယ့်​ဝန်​ထမ်းက ဧည့်ကြိုဝန်​ထမ်းဖြစ်​ပြီး အလုပ်​နဲ့ ပြုမူပြောဆိုလိုက်​တာ လွဲမှားသွားတယ်​၊ ဝန်​ထမ်းစည်းမျဉ်း စည်းကမ်းကို လိုက်​နာ
ရမှာဖြစ်​တယ်​၊ ငယ်​ရွယ်​သူ တစ်​​ယောက်​အ​နေနဲ့ တုံ့ပြန်​မှုမြန်ဆန်​သွားတာဖြစ်​တဲ့အတွက်​ ဝန်​ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်​​​ဆောင်​ရွက်​သွားမှာပါ၊ အဆိုပါ ဝန်​ထမ်းကို အလုပ်​ထုတ်​ခြင်း၊ မထုတ်​ခြင်းက​တော့ ကျွန်​မအ​နေနဲ့ ဆုံးဖြတ်လို့ မရပါဘူး၊ သက်​ဆိုင်​ရာ ဝန်​ကြီးဌာနက တာဝန်​ရှိသူများကသာ ဆုံးဖြတ်​ရမှာဖြစ်​​ပါတယ်​၊ ယခုအခါ ဖြစ်​စဉ်​ကို စုံစမ်းစစ်​​ဆေးဆဲဖြစ်​ပြီး ဆက်​လက်​တင်​ပြထားပါတယ်​" ဟု ထပ်​​လောင်း ​ပြောကြားသည်​။

ထို့ပြင်​ ​သေဆုံးသွားသည့်​လူနာ၏ ဦး​လေး​တော်​စပ်​သူ ဦး​ကျော်​​အေးမှလည်း လူနာက အ​ရေးကြီး​နေ​တော့ စိုးရိမ်​စိတ်​လွန်​ကဲပြီး စကား​ပြော အဆင်​မ​ပြေရာက​နေ စကားများကြခြင်းသာဖြစ်​ပါတယ်​၊ ကျန်​ကျန်းမာ​ရေးဝန်​ထမ်း​တွေဘက်​က ​ပြောစရာမရှိပါဘူး၊ လိုအပ်​တာ အကုန်​​လုပ်​​ပေးပါတယ်​၊ ကိုယ့်​လူနာကိုက ​တကယ်​သေ​လောက်​တဲ့ ဒဏ်​ရာရထားတာဆို​တော့ လက်​ခံတယ်​၊ ကုသမှု​နောက်​ကျလို့မဟုတ်​ပါဘူးဟု ​ပြောကြားသည်​။

( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.