ကာဂျစ္စတန် ဒုတိယဝန်ကြီးချုပ် ယာဉ်မတော်တဆမှုကြောင့် သေဆုံး



ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Temir Zhumakadyrov အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ကာဂျစ္စတန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

    ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Temir Zhumakadyrov စီးနင်းလာသော မော်တော်ယာဉ်သည် အောက်တိုဘာ ၇ ရက်တွင် အဝေးပြေးလမ်းမပေါ်၌ ကုန်တင်ကားတစ်စီး နှင့် တိုက်မိကာ ဒုတိယဝန်ကြီးချုပ် သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

နိုင်ငံမြောက်ပိုင်းစွန်း Sadovoye ကျေးရွာ ရှိ Bishkek-Kara-Balta အဝေးပြေးလမ်းပိုင်းတစ်ခုတွင် ဒေသစံတော်ချိန် နံနက် ၇း၃၀နာရီတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။Zhumakadyrov နှင့် ၎င်း၏ လက်ထောက်တို့သည် တိုယိုတာလန်ခရူဆာကားဖြင့် ခရီးထွက်လာခြင်းဖြစ်ပြီး ကားမောင်းသူ နှင့် လက်ထောက်ဖြစ်သူတို့သည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကုန်တင်ကားမောင်းသူအား ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။အသက် ၃၈နှစ်အရွယ်ရှိ Zhumakadyrov သည် ၂၀၁၇ခုနှစ် သြဂုတ်လတွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ယင်းမတိုင်ခင် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.