ရခိုင်လယ်ယာကဏ္ဍဖံွ့ဖြိုးရေး ကျပ် ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်



ရခိုင်ပြည်နယ်က မောင်တော်ဒေသက လယ်ယာတွေကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က  ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြှုပ်နှံပြီး ကူညီဆောင်ရွက်သွားမယ်လို့ အသင်းချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွဲ့ဖြိုးရေးစီမံကန်း UEHRD မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပူးပေါင်းလုပ်ဆောင် သွားမယ့်အခြေအနေတွေကို ဒီနေ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် UMFCCI မှာ အသင်းချုပ်တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

၃ နှစ်စီမံကိန်း ချမှတ်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အဲဒီ ၃ နှစ်စီမံကိန်းမှာ လတ်တလော ကူညီဖြေရှင်းပေး ရမယ့်လုပ်ငန်းစဉ်နဲ့ ရေတိုရေရှည်ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေမယ့်လုပ်ငန်းစဉ်ဆိုပြီး ၂၀၁၈ ကနေ ၂၀၂၀ အထိ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းဆောင်ရွက်ရာမှာ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ရေရှည်အကျိုးဖြစ်ထွန်းမှုကို အဓိကအခြေခံပြီး ရခိုင်ပြည်နယ် အခြေပြု လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ Rakhine Agribusiness Public Co Ltd - RAPC ကိုဖွဲ့ စည်းပြီး တဆင့်ချင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်ကိုလှူ ဒါန်းနေရုံထက် သွားရောက်ရင်းနှီးမြှုပ်နှံမှုက ရေရှည်မှာပိုထိရောက်မှာဖြစ်လို့ အခုလိုစီစဉ်ရ တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.