မြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်း အဖမ်းခံရ၍ ရာထူးအပြောင်းအလဲဖြစ်ဖွယ်ရှိ


မြန်မာနိုင်ငံ မြားပစ်အား ကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကို တင့်ဆန်းသည် တရားမ၀င် လက် နက်ကိုင်ဆောင်မှု၊ မူးယစ်မှုတို့ ဖြင့် အဖမ်းခံရ၍ ၎င်းအစား ရာထူးအပြောင်းအလဲဖြစ်ဖွယ်ရှိသည်ဟု အားကစားနှင့် ကာယပညာဦးစီးဌာန အဆင့်မြင့်တာဝန်ရှိသူက ပြောသည်။
အသက် (၄၁)နှစ်အရွယ် ဦးဖြိုးကိုကိုတင့်ဆန်းသည် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသွားဖော်နှစ်ဦးနှင့် အတူ သေနတ်နှစ်လက်၊ မူးယစ် ဆေးဝါးအချို့တို့ဖြင့် စတင်ဖမ်းမိ ခဲ့ပြီး ယင်းနေ့ညတွင် ၎င်းပိုင်ဆိုင် သည့် နေပြည်တော် ACE ဟိုတယ်၌ သေနတ်နှင့် ကျည်ဆန်အချို့ ထပ်မံတွေ့ရှိခဲ့သည်။ ထို့အပြင် အောက်တိုဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် ACE Group of Compaines ၌ သေနတ်အချို့ ထပ်မံတွေ့ရှိခဲ့သည်။

အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဦးဖြိုးကိုကိုတင့်ဆန်းသည် လက်ရှိတွင် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် နေပြည်တော်ဘောလုံးအသင်းကို ၂၀၁၀က စတင်တည်ထောင်ခဲ့သော်လည်း ယခုနှစ် ၂၀၁၇ စက်တင်ဘာ၌ အသင်းအုပ်ချုပ်သူများနှင့် ကစားသမားများ၏ လုပ်ခလစာပုံမှန်ပေးချေခြင်းမရှိသဖြင့် မြန်မာလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရသည်။

‘‘ဖြိုးကိုကိုတင့်ဆန်းနဲ့ပတ် သက်ပြီး သတင်းတွေတော့ ဖတ် ရပါတယ်။ တရားဝင်ပြစ်ဒဏ်ချ တာမျိုးတော့ မတွေ့ရသေးပါဘူး။ အားကစားအဖွဲ့ချုပ်တွေဆိုတာ မျိုးက NGO ပုံစံမျိုးပါပဲ။ အခ ကြေးငွေရလို့ လုပ်တာမျိုးမဟုတ် ဘဲ အားကစားလောက ဖွံ့ဖြိုးဖို့ စိတ်ရင်းတစ်ခုနဲ့သာ အားလုံးက ၀ိုင်းဝန်းလုပ်ဆောင်ကြရတာပါ။ သူက ဌာနက ၀န်ထမ်းမဟုတ်ဘဲ ဥက္ကဋ္ဌဖြစ်နေတော့ ဖြုတ်တာမျိုး လည်းလုပ်လို့မရဘူး။ အမှုဖြစ်ခဲ့ မယ်ဆိုရင်တော့ အဖွဲ့က နုတ် ထွက်သွားပြီး အခြားတစ်ယောက် တာဝန်လွှဲပြောင်းယူတာမျိုးတော့ ဖြစ်နိုင်တယ်’’ဟု အားကစားနှင့် ကာယပညာဦးစီးဌာန အဆင့်မြင့် တာဝန်ရှိသူက ပြောသည်။

ဦးဖြိုးကိုကိုတင့်ဆန်းနှင့်အ တူ ပါဝင်သည့် ဦးဇော်ဝင်းထိုက် နှင့် ဦးရဲမင်းဆွေတို့သည် မြားပစ် လက်ရွေးစင်ဟောင်း ကစားသ မားများဖြစ်ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန လက် အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ နုတ်ထွက်ခွင့်လျှောက်ထား ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်၌ တရားဝင်နုတ်ထွက်ခွင့်ရရှိထား သူများဖြစ်သည်။

‘‘ဦးဇော်ဝင်းထိုက်နဲ့ ဦးရဲမင်းဆွေတို့က ပြီးခဲ့တဲ့ စက်တင်ဘာထဲက အား/ကာကနေ တရားဝင် နုတ်ထွက်ထားတဲ့သူတွေပါ။ နုတ်ထွက်ခွင့်လည်း ကျပြီးသားပါ။ ဥက္ကဋ္ဌနဲ့ပတ်သက်တာတော့ ဘာမှသေချာမသိရသေးပါဘူး။ တကယ်လို့ အစားထိုးခန့်အပ်မယ် ဆိုလည်း တာဝန်ရှိတဲ့လူကြီးတွေ အားလုံး တိုင်ပင်ဆွေးနွေးပြီး ဆုံး ဖြတ်ပါလိမ့်မယ်’’ဟု မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အ ပေါင်းအပါနှစ်ဦးတို့ကို နေပြည်တော်၊ ဒက္ခိဏမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

===========

7Day News Journal

http://7daydaily.com/story/110454
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.