အလံတရာမှာ ပန်းဦးလွှတ်မှုတွေ ဖြစ်နေ



သာသနာရေးဝန်ကြီး သူရဦးအောင်ကို
မွန်ပြည်နယ် သထုံမြို့နယ်ထဲက အလံတရာနယ်မြေမှာ ဘာသာရေး အကြောင်းပြပြီး မိန်းကလေးငယ်တွေ အပေါ် အမျိုးသား တယောက်က ပန်းဦးလွှတ်မှု ပြုလုပ်နေတာကို တရားဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ပေးဖို့ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုကို တိုင်ကြား ထားပါတယ်။

အလံတရာ ဆရာတော် ဘုရားကြီး ဝင်စားတယ် ဆိုပြီး အဲဒီဒေသက ပအိုဝ်း တိုင်းရင်းသား တွေရဲ့ ဆရာတော်ကြီး အပေါ် ယုံကြည်မှုကို အလွဲ သုံးစားပြုကာ ဒါမျိုး ဖြစ်ပျက်နေတာက လွန်ခဲ့တဲ့ လေးငါးနှစ် ကတည်းကလို့ သထုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပါတယ်။

အသက် ၂၅ နှစ် ဝန်းကျင် အရွယ်ရှိ ခွန်တန်လို့ အမည်ရှိတဲ့ ကျူးလွန်သူက အဲဒီ ဒေသခံမဟုတ်ဘဲ ရှမ်းပြည် ဘက်က လာတာဖြစ်ပြီး အဲဒီဒေသဘက်မှာ သူ့ကို ယုံကြည် လက်ခံနေသူ တွေလည်း ရှိနေတယ် ဆိုပါတယ်။

သူဟာ တခါတလေ ဘုန်းကြီး အဝတ်နဲ့ ဖြစ်ပြီး တခါတလေ လူအဝတ်နဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ကို ဒေသခံတွေက ဓမ္မရာဇာမင်းကြီး အဖြစ် တင်စားထားပြီး မိန်းမမြတ်ဖြစ်လို့ သူနဲ့ ယူရတယ်လို့ ယုံကြည်နေကြသူတွေ ရှိတယ်လို့ အလံပြနယ်မြေ ဇရစ်ချောင်ကျေးရွာအုပ်စုက ရွာသားတဦးဖြစ်သူ ဦးကြည်သန်းက ပြောပါတယ်။
တခါတလေ ဘုန်းကြီး အဝတ်နဲ့ ဖြစ်ပြီး တခါတလေ လူအဝတ်နဲ့ ဖြစ်
မွန်ပြည်နယ်အစိုးရ အဖွဲ့ ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး လိုက်လံ ဆောင်ရွက်ပေးနေတာမှာ သူ့ကို ခြိမ်းခြောက် ခံရတာတွေ ရှိတယ်လို့ လွှတ်တော်အမတ် ဒေါ်မာမာခိုင် က ပြောပါတယ်။

အဲဒီ ဒေသတဝိုက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးလည်း ကျော်စောသတင်း ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာ မြို့နယ်သံဃ မဟာနာယက အဖွဲ့က အရေးယူ ဆောင်ရွက်နေသလို ပုဒ်မ ၂၉၅/ကဘာသာ သာသနာ ယုံကြည်မှုကို စော်ကားမှုနဲ့လည်း အမှုဖွင့် ထားပါတယ်။

RFA Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.