စပါးကို တရားမ၀င်လိုက်လံဝယ်ယူနေတဲ့ တရုတ်ကုန်သည်တွေကို တားမြစ်မည်



ဆန်စက်အတွင်းက ကြိတ်ခွဲပြီးထွက်လာတဲ့ စပါးခွံတွေကို တွေ့ရစဉ်
ပြည်တွင်းက စပါးတွေကို တရုတ်ကုန်သည်တွေက တရားမ၀င်ဝယ်ယူနေတာကို ထိထိရောက်ရောက် တားမြစ်မယ် ဆိုပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဒေါက်တာသန်းမြင့်က ပြောတယ်လို့ မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောပါတယ်။

အခုလ ၁၂ ရက်နေ့က နေပြည်တော်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးမှာ ဆန်ကုန်သည်တွေနဲ့ တွေ့ဆုံစဉ်မှာ တရုတ်က တရားမ၀င် စပါးဝယ်ယူနေတာတွေကို အရေးယူဖို့ ၀န်ကြီးက ပြောတာဖြစ်တယ်လို့ ဦးစိုင်းကျော်က ပြောပါတယ်။

"စပါးကိစ္စပြောတော့ ၀န်ကြီးနဲ့ အမြဲတမ်း အတွင်းဝန်နဲ့ကတော့ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်တော့ မယ်ပေါ့။ ထိထိရောက်ရောက် ကိုင်တွယ်ပြီးတော့မှ ဒီဟာကို အရေးလည်းယူမယ်။ ဒီဟာကို တားဆီးမယ်ပေါ့။ အဲဒီလိုမျိုးပေါ့။ ဒါက တရားဝင် မဟုတ်ဘူးပေါ့။ သူတို့ ဈေးပိုပေးနိုင်တာလည်း တစ်ခုရှိတယ်ဗျ။ နောက်တစ်ကြောင်းက တရားဝင်မဟုတ်တဲ့အတွက် သူတို့က အခွန်မဆောင်ရဘူးလေ။ ကျနော်တို့ ဆန်ဆိုရင် အခွန်ဆောင်ရတယ်လေ။ အဲဒီလိုမျိုး။ ဘာကြေး၊ ညာကြေး၊ အမြတ်ခွန်တို့ ကုန်သွယ်ခွန်တို့ ဆောင်ရတာ ရှိတယ်လေ။ သူတို့က အဲဒီအခွန်အတွက် ဈေးပိုပေးလို့ရတယ်။ နိုင်ငံတော် အခွန်အနေအနဲ့လည်း အများကြီး နစ်နာတာပေါ့။ အခုပုံစံ အနေနဲ့က"

တရုတ်ကုန်သည်တွေက ပြည်တွင်းက စပါးပေါက်ဈေးထက် ဈေးပိုပေးပြီး မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက စပါးတွေကို ၀ယ်ယူနေတာဖြစ်တယ်လို့ ဦးစိုင်းကျော်က ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းက ကုန်သည်တွေက စပါးအမျိုးအစားပေါ်မူတည်ပြီး စပါးတင်း တစ်ရာကို ငွေကျပ် ငါးသိန်းကနေ ခြောက်သိန်းကျပ်အထိ ပေးဝယ်နေပေမယ့် တရုတ်ကုန်သည်တွေက ပြည်တွင်း ပေါက်ဈေးထက် ကျပ် ၄ သောင်းဝန်းကျင်လောက် ပိုပေးပြီးဝယ်ယူနေတယ်လို့ သိရပါတယ်။

ပေါက်ဈေးထက်ပိုပေးပြီးဝယ်ယူနေတာကြောင့် လယ်သမားတွေက ဆန်စက်တွေမှာ စပါးမရောင်းတော့ဘဲ တရုတ်ကုန်သည်တွေဆီကို အ၀ယ်တော်တွေကနေတဆင့် ရောင်းချတဲ့အတွက် မန္တလေးတိုင်းက ဆန်စက်အများစု ပိတ်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မန္တလေးတိုင်းဒေသကြီးက စပါးထွက်ရှိတဲ့ ပမာဏရဲ့ ထက်ဝက်ကျော်ကိုလည်း တရုတ် ကုန်သည်တွေက ၀ယ်ယူသွားတယ်လို့ ဦးစိုင်းကျော်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.