ရခိုင်မှာ စက်မှုဇုန်တွေ တစ်လအတွင်း အကောင်အထည်ဖော်ဖို့ အတိုင်ပင်ခံ လမ်းညွှန်



နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို အောက်တိုဘာလ ၂ဝ ရက်နေ့ကတွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် စက်မှုဇုန်တည်ဆောက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို တစ်လအတွင်း အကောင်အထည်ဖော်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံက လမ်းညွှန်ထားတယ်လို့ ဇေကမ္ဘာကုမ္ပဏီ အကြီးအကဲ ဦးခင်ရွှေ ကပြောပါတယ်။

ဒီကနေ့ နေပြည်တော်က NRPC မှာ ရခိုင်ဒေသအတွက် အလှူငွေပေးအပ်အပြီး လုပ်ငန်းရှင်တွေနဲ့ တနာရီ နီးပါးတွေ့ဆုံရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဲဒီလို ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဦးခင်ရွှေပြောပါတယ်။

အဲဒီ လမ်းညွှန်ချက်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ဒေါက်တာအောင်ထွန်းသက်နဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်အတွက် လူသားချင်စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဒေါက် တာအောင်ထွန်းသက် က ညွှန်နှိုင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်တာပါ။

ဒီကနေ့မှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်  ၃၀ လောက် စုပေါင်းပြီး ရခိုင်ပြည်နယ်အတွက် ငွေကျပ် သန်းပေါင်း ၁၆၇၀၀ ကိုလည်း လှူဒါန်းခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.