ကမ္ဘာ့ကာယဗလပြိုင်ပွဲ ထွန်းထွန်းအောင် ရွှေတံဆိပ်ဆွတ်ခူး


နိုင်ငံပေါင်း ၁၃၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သည့် (၉) ကြိမ်မြောက် ကမ္ဘာ့ကာယဗလ ပြိုင်ပွဲသို့ မြန်မာကစားသမားနှစ် ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတစ် ခု၊ ငွေတစ်ခု ရရှိခဲ့သည်။
အောက်တိုဘာ ၆ ရက်က မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပခဲ့ သည့် ကမ္ဘာ့ကာယဗလပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ထွန်းထွန်းအောင် နှင့် ထွန်းမင်းတို့ ၀င်ရောက်ယှဉ် ပြိုင်ရာ ထွန်းထွန်းအောင်က ၆၀ ကီလိုတန်းတွင် ရွှေတံဆိပ်ဆု၊ ထွန်းမင်းက ၆၅ ကီလိုတန်းတွင် ငွေတံဆိပ်ဆုရရှိခဲ့သည်။

‘‘ပြိုင်ပွဲကို နှစ်ယောက်သွား ပြိုင်တယ်။ ထွန်းထွန်းအောင်က ရွှေရတယ်။ ထွန်းမင်းက ငွေရတယ်။ ကမ္ဘာ့ အဆင့်ပြိုင်ပွဲ ဖြစ်တာကြောင့် နိုင်ငံပေါင်း တော်တော်များများ ၀င်ပြိုင်ကြတယ်။ တစ်ရက်ပဲပြိုင်ရတဲ့ပြိုင်ပွဲဖြစ်တာကြောင့် ၉ ရက်နေ့လောက်ရန်ကုန်ကို ပြန် ရောက်ကြမယ်’’ဟု မြန်မာနိုင်ငံ ကာယဗလအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

၆၀ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ ထွန်းထွန်းအောင်က ပထမ၊ မလေးရှားက ဒုတိယ၊ ကမ္ဘောဒီးယားက တတိယဆုရရှိ ပြီး ၆၅ ကီလိုတန်းတွင် ထိုင်းက ပထမ၊ မြန်မာမှ ထွန်းမင်းက ဒုတိယ၊ ကနေဒါက တတိယဆု ရရှိခဲ့သည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံ ၁၃၄ နိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ပြီး တစ်နိုင်ငံလျှင် ပြိုင်ပွဲဝင်ကစား သမားနှစ်ဦးစီ ၀င်ရောက်ယှဉ်ပြိုင် ခွင့်ပြုသည့် ပြိုင်ပွဲဖြစ်သည်။

ထွန်းထွန်းအောင်သည် ပြီး ခဲ့သည့် ဇူလိုင်အတွင်းက တောင် ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် အာရှကာယဗလပြိုင်ပွဲ၌ ၆၀ ကီလိုတန်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရ ရှိခဲ့သည်။

===========

7Day News Journal

http://7daydaily.com/story/109613
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.