ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူထားဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး ပြော


နေပြည်တော်တွင် လက်နက်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု မရှိသလို သူမ၏ လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူထားသည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

“အစ်မကြီးရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီဟာနဲ့ မသက်ဆိုင်ဘူးထင်တယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီရဲ့ လုံခြုံရေးခြိမ်းခြောက်မှုကတော့ ဘယ်လိုမှ ဟိုဒင်းဖြစ်စရာ မရှိပါဘူး။ ကျွန်တော်တို့ အပြည့်အဝ တာဝန်ယူထားပါတယ်။ ဒါက ပြဿနာ မရှိပါဘူး” ဟု ရဲမှူးကြီး ဇော်ခင်အောင်က အောက်တိုဘာ ၁၆ရက်တွင် ပြောသည်။

အားကစားဝန်ကြီးဟောင်းဖြစ်သူ ACE ကုမ္ပဏီဥက္ကဌ ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့် ACE ရုံးအဖွဲ့နှစ်ဦးထံမှ ပစ္စတို(၉)လက်၊ ကျည်(၈၉၂)တောင့်၊ ကျည်အိမ် (၁၆)ခု၊ M16 လက်ကိုင်ကွင်း (၁)ခု၊ ပစ္စတိုအိတ်အနက်ရောင်(၇)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်နှင့် စနိုက်ပါမှန်ပြောင်း(၁)လက်တို့ ယမန်နေ့က နေပြည်တော်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/33167
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.