မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ ၀ယ်ယူပြီး ၀မ်းဗိုက်အတွင်း မျိုချသယ် ဆောင်သွားသော တရုတ် နိုင်ငံသား မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ထိုင်းဘက်၌ ဖမ်းဆီးရမိ


မယ်ဆိုင် အောက်တိုဘာ ၁၆

တာချီလိတ်မြို့၊ တာလော့ရပ်ကွက်မှ ဝယ်ယူသွားသာ မူးယစ်ဆေး ဝါးများကို ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်သွားသော တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ထိုင်း-မြန်မာချစ်ကြည်ေ ရးတံတား (ထိုင်းဘက်)၌ အောက်တိုဘာ ၁၄ ရက်နေ့က ဖမ်းဆီးရမိသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဆိုင်လုံးကျွဲအုပ်စု၊ အမှတ်(၁)ချစ်ကြည်ရေး တံတား (ထိုင်းဘက်) တာဝန်ကျ အမှတ်(၃)လှုပ်ရှားယန္တရားတပ်မှ တပ်ဖွဲ့ ဝင်များ၊ မယ်ဆိုင်မြို့မ ရဲတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်အဖွဲ့များပါဝင်သော စုပေါင်းအဖွဲ့သည် မြန်မာဘက်မှ ထိုင်းဘက်သို့ ခြေလျင်ဝင်ရောက်လာသူ များအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် ခြေလျင်ဝင်ရောက်လာသူ တရုတ်နိုင်ငံသား Mr.Chan Chen Chieh အသက်(၂၃ နှစ်)၊ ပတ်စ်ပို့အ မှတ်၊ ၃၁၅၆၆၀၉၇၄ ကိုင်ဆောင်သူအား မသင်္ကာသဖြင့် ခန္ဓာကိုယ်အား စစ်ဆေးရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ၄င်းအား အန်ဆေးတိုက်ကျွေးခဲ့ပြီး အန်ခိုင်းခဲ့ရာမှ ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်လာသော ပလပ်စတစ် အတောင့်ငယ် ၄၁ တောင့်ဖြင့် ထည့်ထားသည့် အက်ဖက်တမင်းမှုန့် ၈ ဒသမ ၁ ဂရမ်၊ ထိုင်းနိုင်ငံသုံး တန်ဖိုးငွေဘတ် ၈၂၀ဝ အား ဖမ်းဆီးရမိ သည်။

အဆိုပါ တရုတ်နိုင်ငံသား၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းနား ဟိုတယ်တွင် သွား ရောက်တည်းခိုခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများအား တာလော့ဈေးအနီး အမည်မသိ အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ပြီး ထိုင်းနိုင် ငံသို့ ပြန်လည်ဝင်ရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ထွက်ဆိုချက်အရ သိရသည်။

မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.