ဦးဖြိုးကိုကိုတင့်ဆန်းထံမှ သေနတ် အတိုအရှည် စုစုပေါင်း အလက်၂ဝ ကျော်သိမ်းဆည်းထား


နေပြည်တော် အောက်တိုဘာ ၁၈

နေပြည်တော်လေဆိပ်၌ လက်နက် များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဦးဖြိုးကိုကိုတင့်ဆန်းအပါအဝင် သုံးဦး အား ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်ရှိ ACE ဟိုတယ်နှင့် ရန်ကုန်မြို့ရှိ ACE ရုံးတို့ကို ဝင်ရောက် ရှာဖွေရာတွင် National Security Council (NSC/NSA) တံဆိပ်များ ကပ်ထားသည့် ကားများနှင့် SWAT တံဆိပ်ပါကျည်ကာအင်္ကျီများ၊ လက်နက် များ၊ ဆက်သွယ်ရေးစက်များနှင့် SWAT များ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ၄င်းပိုင် ACEကုမ္ပဏီရုံးအဖွဲ့မှ ဇော်ဝင်းထိုက် နှင့် ရဲမင်းဆွေတို့ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာ ၁၅ ရက်က ပစ္စတို သေနတ်နှစ်လက်၊ မူးယစ်ဆေးဝါးတို့ နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ပြီး ၄င်းပိုင် ACE ဟိုတယ်မှ အခန်းအား ဆက်လက် ရှာဖွေရာ ပစ္စတိုသေနတ် ကိုးလက်ကို ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

ယင်းနောက် သာကေတမြို့နယ်ရှိACE ကုမ္ပဏီရုံးမှ ပစ္စတိုသေနတ် နှစ်လက်နှင့် ကျည်များ၊ သံဘောစေ့ ထည့်ပစ်ရသည့် သေနတ်အတိုတစ်လက် နှင့် လက်ကိုင်စကားပြောစက်တို့ကို ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ ACE ဟိုတယ်၌ ထပ်မံ ရှာဖွေရာ ဝှက်ထားသည့် ပစ္စတို သေနတ်လေးလက်၊ M-21 တစ်လက်၊M-16 ပုံပြောင်းလေးလက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁၉ လုံး၊ Drone ယာဉ် ခုနစ်စင်းတို့ကို ကျည်ဆန်များ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးဖြိုးကိုကိုတင့်ဆန်း ထံမှ ဖမ်းမိထားသည့် သေနတ်အတို အရှည် စုစုပေါင်း အလက်၂ဝ ကျော်ပြီ ဖြစ် ပြီး အမှုနှင့်ပတ်သက်သည့် လူပုဂ္ဂိုလ် ၁၂ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.