ဖမ်းဆီးသွားသူတွေထဲက ၆ ယောက်ကို ကေအိုင်အေ ပြန်လွှတ်



ကေအိုင်ကေ စစ်သားတချို့ကို တွေ့ရစဉ်။ Photo:Kan Thar/RFA
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ကေအိုင်အေ တပ်ရင်း ၃ က ဖမ်းဆီးခေါ်ဆောင်သွားသူ အယောက် ၄၀ ထဲက ရှမ်းတိုင်းရင်းသား ၆  ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဖမ်းခံခဲ့ရတဲ့ ဆိုင်လော်နဲ့ ကောင်ခမ်းရွာက ရှမ်းတိုင်းရင်းသား ၆ ယောက်ကို ပြန်လွှတ်ပေးလိုက်ကြောင်း ကေအိုင်အေက မနေ့ည ၈ နာရီလောက်မှာ အကြောင်းကြားတာလို့ မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

"ကျနော့်ကို ဝါးရှောင်ဘုန်းဘုန်းပြောတာက အယောက် ၄၀ လို့ ပြောတာ။ ၄ဝ ဆိုတာက အဲဒီမှာ ရှမ်းလူငယ်တွေ ခြောက်ယောက်ပါသွားတယ်။ အဲဒါပဲပြောတယ်။ ကူညီပြီးပြောပေးပါဆိုလို့ ကျနော်တို့ တင်ပြပေးတဲ့အပေါ်မှာ အဲဒီခြောက်ယောက်ကိုတော့ မနေ့က ပြန်လွတ်တယ်လို့ ပြောတယ်။ အခု ဒီကနေ့လမ်းမှာ။ ဒီနေ့ညတော့ အိမ်ရောက်မယ်ထင်တယ်။ မနေ့ကတော့ လမ်းမှာအိပ်နေတယ်တဲ့။ မနေ့က ည ၈ နာရီလောက်မှာ အကြောင်းကြားလာတာ"

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ညပိုင်းမှာ ဆိုင်လော်နဲ့ ကောင်ခမ်းရွာက ရှမ်းတိုင်းရင်းသား ၆ ယောက်ကို အင်အား ၃၀ လောက်ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၃ က အိမ်တွေထဲဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ငှက်ပျောခြံလုပ်သားတွေလည်း ပါဝင်တယ်လို့ သတင်းတွေထွက်နေတာပါ။

လောလာဆယ်မှာ အဲဒီအထဲက ရှမ်းတိုင်းရင်းသား ၆ ယောက်ကိုသာ ပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေရဲ့ အခြေအနေကို မသိရသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.