ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲ အာဏာရညွှန်ပေါင်းအနိုင်ရဖို့မျှော်လင့်


ဂျပန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ဒီကနေ့မှာ ကျင်းပနေပြီး ၊ မဲဆန္ဒရှင်တွေဟာ မဲရုံတွေကိုသွားရောက်ပြီး မဲပေးနေကြပါတယ်။ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့အနေနဲ့ ပါလီမန်အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ မဖျက်သိမ်းခင်က အတိုင်း မဲအရေအတွက် အများစုဖြစ်တဲ့ ၃ ပုံ ၂ ပုံကို အနိုင်ရမယ်လို့ခန့်မှန်းနေကြပါတယ်။

ညွှန့်ပေါင်းအဖွဲ့အနေနဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ၊ မစ္စတာ အာဘေးအနေနဲ့လည်း လာမယ့်နှစ်မှာ လစ်ဘရယ်ဒီမိုကရက်ပါတီခေါင်းဆောင်အဖြစ်နဲ့ နောက်ထပ် ၃ နှစ် ဆက်ပြီးတော့ ရှိသွားဖို့အလားအလာရှိနေပါတယ်။

လူထုသဘောထားစစ်တမ်းတွေမှာတော့ - မဲဆန္ဒရှင်တွေက မြောက်ကိုရီးယားရဲ့ နျူးကလီးယား နဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ရှင်ဇိုအာဘေးအစိုးရဟာ တိုင်းပြည်အတွက် စိတ်ချရတဲ့အကောင်းဆုံး ရွေးချယ်မှုလို့ သဘောထားကြတယ်လို့ ဖော်ပြနေပါတယ်။

ဒါပေမဲ့လည်း တိုင်ဖုန်းမုန်တိုင်းလန်ဟာ ဂျပန်နိုင်ငံကို ဒီကနေ့မှာ ၀င်ရောက်တိုက်ခတ်ဖို့ရှိနေတယ်လို့ ခန့်မှန်းထားတာကြောင့် ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ကို လျော့နည်းနိုင်တဲ့အနေအထားရှိပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.