လန်ဒန် သဘာဝသမိုင်းပြတိုက်အနီး လမ်းသွားလမ်းလာတွေကို ကားနဲ့တိုက်သူ ရဲ ဖမ်းဆီး



သဘာဝသမိုင်းပြတိုက်နားက လန်ဒန်ရဲကားများ (အောက်တိုဘာ ၇ ၂၀၁၇)
ဗြိတိန်နိုင်ငံလန်ဒန်မြို့က သဘာဝသမိုင်းပြတိုက်နားမှာ စနေနေ့က ကားတစင်းက လမ်းသွားလမ်းလာ တွေကို ၀င်တိုက်မိခဲ့တဲ့အတွက် လူအတော်များများ ဒဏ်ရာရသွားခဲ့တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူတဦးကို ဖမ်ဆီးထားပြီး၊ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ဘာကြောင့်အခုလို ဖြစ်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သဘာဝသမိုင်းပြတိုက်အပြင်မှာ ကားတစင်းက လူသွားစင်္ကြန်ပေါ်ကို တက်သွားတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေက ဖော်ပြခဲ့ပြိးတဲ့နောက် အဲဒီလူကိုလည်း ဖမ်းဆီးထားပြီဖြစ်ပါတယ်။

ပြတိုက်အနေနဲ့ ရဲတပ်ဖွဲ့နဲ့ အတူတွဲလုပ်နေတယ်လို့ သူတို့ရဲ့ တွစ်တာစာမျက်နှာကနေ အတည်ပြုပါတယ်။ ပြတိုက်ရဲ့ အပြင်ဘက်မှာ စိုးရိမ်စရာကောင်းတဲ့ အဖြစ်အပျက်ကြီး တခုဖြစ်ခဲ့ပြီး။ ကျနော်တို့အနေနဲ့ ရဲတပ်ဖွဲ့နဲ့ အတူလုပ်ဆောင်နေကြောင်း၊ နောက်ထပ်သတင်းတွေ ရတာနဲ့အမျှ အသိပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာ အခုနှစ်အတွင်း ကားနဲ့တိုက်မှု ၃ ခုအပါအ၀င် လူတွေသေလောက်တဲ့ တိုက်ခိုက်မှု ၅ ခုဖြစ်ခဲ့ပြီးတဲ့နောက် ၊ လုံခြုံရေးသတိပေးချက်အဆင့်ကို ဒုတိယအမြင့်ဆုံးအဆင့်ထိ တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.