ရခိုင်အရေး မြန်မာစစ်တပ်မှာ တာဝန်ရှိဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော


မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) ကဆွေးနွေးပွဲ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ပြောကြား
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေအပေါ် အမေရိကန် အနေနဲ့ အလွန်အမင်း စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျုးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကမ္ဘာကြီးအနေနဲ့ လက်ပိုက် ကြည့်နေလို့ မဖြစ်နိုင်ကြောင်းနဲ့ မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ကြောင်းလည်း ၀ါရှင်တန်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) ကဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းကာစ မြန်မာနိုင်ငံမှာ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လမ်းကြောင်းကို လိုက်မလဲဆိုတာ ရွေးချယ်ရမယ့်အချိန်ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Tillerson က ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ကတော့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ တပ်ဖွဲ့ဝင်တွေ ဥပဒေ ချိုးဖောက်ခဲ့မှု ရှိမရှိ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.