ကတ်တလန် အကျပ်အတည်းကြီး


အောက်တိုဘာ ၂၇ ရက်နေ့ တွင် ကတ်တလန် ပါလီမန် မှ ထောက်ခံမဲ ၇၅ မဲ၊ ကန့်ကွက်မဲ ၆၅ မဲ နဲ့ စပိန်နိုင်ငံမှ ခွဲထွက်ပြီး တရားဝင် လွတ်လပ်ရေး ကြေငြာခဲ့တဲ့ အတွက် စပိန်နိုင်ငံ တွင် နိုင်ငံရေး အကျပ်အတည်းကြီး စတင်ပေါ်ပေါက်လာခဲ့ရပါတယ်။

ထိုသို့ကြေငြာပြီး မိနစ်အနည်းငယ်အတွင်းမှာပင် မက်ဒရစ် ရှိ ဆီးနိတ် အထက်လွှတ်တော်မှ ကက်တာလိုနီယား တွင် ဖွဲ့စည်းပုံ ဥပဒေပါ လုပ်ပိုင်ခွင့်အတိုင်း ၀င်ရောက်စွက်ဖက်နိုင်ရေး အစိုးရ ရဲ့ တောင်းဆိုချက်ကို တညီတညွတ်တည်း အတည်ပြု ပေးလိုက်ပါတယ်။ စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်က အချိန်မဆိုင်းပဲ ကတ်တလန် အစိုးရ နဲ့ ပါလီမန်ကို ဖျက်သိမ်းကြောင်းနဲ့ ရွေးကောက်ပွဲ အသစ်ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။

ထိုအခြေအနေများအထိ ရောက်မလာဖို့ အောက်တိုဘာ ၂၆ ရက်နေ့ အထိ မက်ဒရစ် နဲ့ ဘာစီလိုနားအကြား နောက်ဆုံးအကြိမ်အထိစေ့စပ်ဆွေးနွေးခဲ့ကြပါတယ်။ အကယ်၍သာ ကတ်တလန် သမ္မတ ကားလ်စ် ပြူမီယွန့် ကိုယ်တိုင်က ရွေးကောက်ပွဲ အသစ် ခေါ်ပေးမယ်ဆိုရင် စပိန် အစိုးရ အနေနဲ့ တိုက်ရိုက် အုပ်ချုပ်ရေး ကြိုးစားမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။ သို့သော်လည်း အခြေအနေများ တဖြေးဖြေး ရှုပ်ထွေးလာပြီး တဖွဲ့နှင့် တဖွဲ့ မယုံကြည်မှုများကြောင့် အဆိုပါ သဘောတူညီမှု ပျက်ပြယ်သွားခဲ့ရပါတယ်။ နောက်တချက်က ကတ်တလန် သမ္မတ ကိုယ်တိုင်က အခုလို ရွေးကောက်ပွဲ ခေါ်တယ်လို့ ကြေငြာလိုက်ရင် သူ့ကိုယ် သစ္စာဖေါက်တယောက် အဖြစ် သူ ဦးဆောင်နေတဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားရေး အဖွဲ့က သတ်မှတ်လာမှာကို စိုးရွံ့နေတာလည်း တကြောင်း ဖြစ်ပါတယ်။

သို့သော်လည်း ၎င်းတို့၏ လွတ်လပ်ရေး ကြေငြာမှု ကို စပိန် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ကြိမ်းသေပေါက် တရားမ၀င် အဖြစ် ကြေငြာမှာ ဖြစ်တဲ့ အပြင် မည်သည့် ဥရောပ နိုင်ငံ ကမှလည်း အသိအမှတ် ပြုမှာ မဟုတ်ပါဖူး၊ အီးယူမှ ကတ်တလန်နီယား ကို လွတ်လပ်သော ပြည်နယ်တခု အဖြစ် အသိအမှတ်ပြုထားမှုကို ပြောင်းလဲမှာ မဟုတ်ပဲ စပိန်နဲ့သာ ဆက်ဆံသွားမှာ ဖြစ်တယ်လို့ အီးယူ ဥက္ကဌ ဒေါ်နယ် တပ်စ် က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကတ်တလန် ပါလီမန် မှာ မဲခွဲစဉ်က အတိုက်အခံများက ပါလီမန် မှ မဲမပေးပဲ ထွက်ခွာခဲ့ကြတဲ့ အပြင် ကျန်ရှိနေသော အာဏာရပါတီ ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖေါက်ဖျက်မှုဖြင့် နောက်ပိုင်းတွင် တရားဥပဒေကြောင်းအရ အရေးယူခံရမှာကို စိုးနေတဲ့ အတွက် လျို့ဝှက်မဲ စနစ် နဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် မစ္စတာ ရာဂျွိုင်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ ပုဒ်မ ၁၅၅ ကို အသုံးပြုရေးအား ဆီးနိတ်ရှိ အတိုက်အခံ ဆိုရှယ်လစ်အမတ်များကပါ ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ပြု ယီမွန့် ရဲ့ အုပ်ချုပ်မှု အာဏာများကို ရုတ်သိမ်းခဲ့တဲ့ အပြင် ပြည်ပရှိ ကတ်တလန် အစိုးရ ဖွင့်ထားတဲ့ ရုံးများကိုပါ ပိတ်ပြစ်ခဲ့ပါတယ်။ ထို့အပြင် ကတ်တလန် ရဲအဖွဲ့ တပ်မှုးများကို လူစားထိုး ခန့်အပ်သွားမှာ ဖြစ်တဲ့အပြင် အစိုးရရဲ့ ဘဏ္ဍာရေး နဲ့ ကွန်ပြူတာ ဌာနများကိုပါ သိမ်းယူသွားမယ်လို့လည်း ဆိုပါတယ်။ သို့သော်လည်း အတိုက်အခံ ဆိုရှယ်လစ်များရဲ့ တောင်းဆိုမှုကြောင့် ကတ်တိုလီနီယား မှာ ရှိတဲ့ အသံလွှင်ဌာနများကို ပိတ်ပြစ်မယ့် အစီအစဉ်ကို ပါယ်ဖျက်ခဲ့ပါတယ်။

ကတ်တလန် ပါလီမန် ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်ကို တိုတောင်းတဲ့ အချိန်အတွင်း ခေါ်ယူခဲ့ခြင်းကို အားလုံးက တအံ့တသြ ဖြစ်သွားခဲ့ရပါတယ်။ ၀န်ကြီးချုပ် အနေနဲ့ ပဋိပက္ခ တွေနဲ့ ပြည်နှက့်လာစရာ ရှိတဲ့ ရေရှည် အုပ်ချုပ်ရေးကို မလိုလားဖူးဆိုတာ ပြသနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

သမ္မတ ဖြစ်သူ ပြူယီမွန့်က မိမိသည် လူထုဆန္ဒခံယူပွဲမှ ပေးအပ်သော အခွင့်အာဏာများ ရှိသည်ဟု ကြေငြာခဲ့သော်လည်း အဆိုပါ ဆန္ဒခံယူပွဲကို မဲပေးခွင့်ရှိသူ ၄၃% သာ လာရောက်မဲပေးခဲ့ကြပြီး ထိုအထဲမှ ၉၀%က လွတ်လပ်ရေး လိုလာကြောင်း ဖေါ်ပြခဲ့ကြပါတယ်။ ထိုသို့ လူထု ဆန္ဒခံယူပွဲ ရလာဒ် ထွက်ပေါ်လာပြီးကထဲက ကုမ္ပဏီ အကြီးအသေး စုစုပေါင်း ၅၀၀ ခန့်က ၎င်းတို့ရဲ့ ရုံးများကို ကတ်တလန် ပြင်ပသို့ စတင် ရွှေ့ပြောင်းနေခဲ့ပြီး ခရီးသွားလာမှု လုပ်ငန်းလည်း ကျဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းများအရ စပိန် ရှေ့နေချုပ်က ၎င်းတို့အား နိုင်ငံတော် ပုန်ကန်မှု နဲ့ တရားစွဲဆိုရန် ပြင်ဆင်နေတဲ့ သတင်းကို ရတဲ့ အတွက် သမ္မတ ပြူယီမွန် နဲ့ ၀န်ကြီး ငါးဦးသည် ပြင်သစ် နိုင်ငံ တောင်ပိုင်း မာဆိုင်းလ် သို့ ကားဖြင့် မောင်းဝင်သွားကြပြီး ထိုမှတဆင့် ဘရပ်ဆဲလ်သို့ လေယာဉ်နဲ့ ထွက်ပြေးသွားကြကာ အဝေးရောက် အစိုးရ ဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကတ်တလန်သည် စပိန်နိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တခု ဖြစ်ပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.