ဂျော်ဒန် မိဖုရား ရိုဟင်ဂျာဒုက္ခသည်စခန်း ရောက်ရှိ

ဂျော်ဒန် မိဖုရား Rania

ရိုဟင်ဂျာတွေ ခံစားနေရတဲ့ အတိဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်သွားစေရေး အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အစွမ်းကုန် ဆောင်ရွက်ပေးဖို့ ဂျော်ဒန် မိဖုရားက တောင်းဆိုလိုက်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့က တာဝန်အရတင် မဟုတ်ဘဲ တရားမျှတရေး အတွက်ပါ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံ Kutupalong ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို ဂျော်ဒန် မိဖုရား Rania ဒီကနေ့ တနလာင်္နေ့မှာ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည် စခန်းမှာ ခိုလှုံနေကြသူတွေက သူတို့ ရင်ဆိုင်ခံစားခဲ့ရတဲ့ အတိဒုက္ခတွေကို သူ့ကို ပြောပြခဲ့တဲ့ အကြောင်းလည်း ဂျော်ဒန် မိဖုရား Rania က ပြောဆိုခဲ့ပါတယ်။

"ဘင်္ဂလားဒေရှ့် အစိုးရ အနေနဲ့ သူတို့ ကိုယ်တိုင် အကြပ်အတည်း တွေ ရှိနေပေမယ့်လည်း ဒီဒုက္ခသည်တွေကို စာနာထောက်ထားပြီး ရက်ရက်ရောရော ကူညီပေးနေတဲ့ အကြောင်း၊ နောက် မတတ်နိုင်တဲ့ကြားက ကူညီပေးနေကြတဲ့ ဘင်္ဂလားဒေရှ့် ပြည်သူတွေကိုပါ ကျေးဇူးတင်ရှိကြောင်း ဂျော်ဒန်မိဘုရား Rania က ပြောဆိုခဲ့တာပါ။"

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မူုဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် နယ်မြေတွေ အတွင်းက အစိုးရ လုံခြုံရေး ကင်းစခန်း ၃၀ တို့ကို ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်ပြီးနောက်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုကြောင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် သွားပြီလို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ ထွက်ပြေးလာကြသူတွေရဲ့ ထက်ဝက်ကျော်က ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.