ဂျက်ဒါ နန်းတော်မှာ ပစ်ခတ်မှုဖြစ်



 ပင်လယ်နီ ဆိပ်ကမ်းမြို့ ဂျက်ဒါ
ဂျက်ဒါမြို့က ဆော်ဒီဘုရင့် နန်းတော်စောင့် နှစ်ယောက်ကို သေနတ်သမား တယောက်က ပစ်သတ်ခဲ့ပြီး တခြား လူ သုံးဦးလည်း ဒဏ်ရာရ သွားပါတယ်။

အယ်လ်ဆလမ် နန်းတော် တံခါးဝကို မောင်းဝင်လာပြီး အစောင့်တွေကို ပစ်ခတ်တဲ့ အဲဒီ သေနတ်သမားကို ပစ်သတ်ခဲ့တယ်လို့ ဆော်ဒီ ပြည်ထဲရေး ဌာနက ထုတ်ပြန်ပါတယ်။

သေနတ်သမား Mansour al-Amri က မောင်းပြန်သေနတ် ကိုင်ဆောင်ထားပြီး ဓာတ်ဆီပုလင်းတွေလည်း ပါလာတယ် လို့ ဆိုပါတယ်။

ဒီသေနတ်သမားဟာ ၂၈ နှစ် အရွယ် ဆော်ဒီ နိုင်ငံသားလို့လည်း ဖော်ထုတ် သိရပါတယ်။

ဒီပစ်ခတ်မှု ဖြစ်ပွားတာဟာ နန်းတော် အဝင်တံခါး အပြင်ဘက်က စစ်ဆေးရေး ဂိတ်တခုမှာ ဖြစ်ပါတယ်။
 ဆော်ဒီ ဘုရင် ဆာလ်မွန် နိုင်ငံခြားကို ခရီးထွက်နေ
ဆော်ဒီ ဘုရင် ဆာလ်မွန်က လောလောဆယ် နိုင်ငံခြားကို ခရီးထွက်နေတာ ဖြစ်ပါတယ်။

စနေနေ့ နေ့လယ် ဒေသစံတော်ချိန် ၃ နာရီလောက်က ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေး အစောင့်တွေက တားဆီးနိုင်ခဲ့တယ်လို့ ဆော်ဒီ သတင်းဌာနတွေက ဆိုပါတယ်။

သေနတ် ပစ်ခတ်မှု အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရီယာ့ဒ် မြို့တော်က နေရာ ၃ ခုကို အစ္စလာမ္မစ် နိုင်ငံ အဖွဲ့နဲ့ နွယ်တဲ့ အကြမ်းဖက် အုပ်စု တစုနဲ့ ဆက်စပ်တယ် ဆိုပြီး ဆော်ဒီ ရဲက စီးနင်းရှာဖွေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတုန်းက နှစ်ယောက် သေပြီး ငါးယောက် အဖမ်းခံခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.