ကျုံးပတ်ဝန်းကျင်တွင် ညအချိန် သောက်စားမူးယစ်သူများအား ဖမ်းဆီးအရေးယူရာ ၂ ရက်အတွင်း လူ (၁၁၀) ဦး အမှုဖွင့်အရေးယူခံရ


မန္တလေးမြို့တွင် အောက်တိုဘာ(၆)ရက်ညပိုင်းအချိန်ကျုံးဘေးပလက်ဖောင်း၌ အမျိုးသားသုံးဦးအရက် သေစာသောက်စားစဉ် လူတစုမှ ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ကျုံးဘေးပတ်လည်တွင် အရက်သေစာသောက်စားမူးယစ်သူများကို အောက်တိုဘာ (၇)ရက်ညပိုင်းမှစတင်၍ ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့ရာ နှစ်ရက်အတွင်း လူဦးရေ(၁၀၀)ကျော်ကို ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ကျုံးပတ်ဝန်းကျင်ဟာ အများပြည်သူသွားလာအပန်းဖြေတဲ့နေရာသလို မန္တလေးရဲ့ပုံရိပ်လည်းဖြစ် တယ်။ ဒီလိုနေရာမျိုးမှာ အုပ်စုဖွဲ့သောက်စားနေတာဟာ အများပြည်သူကိုအနှောင့်အယှက်ဖြစ်တဲ့ အတွက် ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခြင်းဖြစ်ပါတယ်။ ယခုလိုဖမ်းဆီးအရေးယူမှုတွေကို နေ့စဉ်ပြု လုပ်သွားမှာပါ။ မန္တလေးကျုံးဘေးတင်မဟုတ်ဘူး။ တံခွန်တိုင်အ၀ိုင်းပတ်နဲ့ လူအများသွားလာတတ်တဲ့ နေရာတွေကိုပါ လုပ်ဆောင်သွားမယ်။”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး မျိုးအောင် က ပြောကြားသည်။

ကျုံးဘေးပတ်လည်ဖြစ်သော (၂၆)လမ်း၊ (၆၆)လမ်းမှလမ်း(၈၀)အထိ၊ လမ်း(၈၀)၊(၂၆)လမ်းမှ (၁၂) လမ်းအထိ၊ (၁၂)လမ်း၊လမ်း(၈၀)မှ(၆၆)လမ်းအထိ၊ (၆၆)လမ်း၊(၁၂)လမ်းမှ(၂၆)လမ်းအထိနေရာ များတွင် အုပ်စုဖွဲ့အရက်သေစာသောက်စားမူးယစ်သူများကို အောက်တိုဘာ(၇)ရက်ညပိုင်းက အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ်(၁)၊ အမှတ်(၂)နှင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အမှတ် (၄)နှင့် အမှတ်(၅)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ စုစုပေါင်း(၅၆) ဦးကိုရဲစည်းကမ်းထိန်းသိမ်းရေးအက်ဥပဒေပုဒ်မ-၄၇ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး အောက်တိုဘာ(၈)ရက် ညပိုင်းကလည်း လူဦးရေ(၅၄)ဦးကိုထပ်မံ၍ အမှုဖွင့်အရေးယူခဲ့သည်။

“မန္တလေးမြို့ကျုံးပတ်လမ်းတလျှောက်မှာ အများပြည်သူစိတ်ငြိုငြင်စေတဲ့ ဝိုင်းဖွဲ့သောက်စားခြင်း၊ မသင့်မလျှော်ပြုမူနေထိုင်ခြင်းနှင့်အုပ်စုဖွဲ့ဆူပူသောင်းကျန်းမှုများကင်းရှင်းရေးအတွက် ရဲတပ်ဖွဲ့၊အုပ်ချုပ် ရေးအဖွဲ့၊စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပါဝင်တဲ့အဖွဲ့တွေနဲ့ရှင်းလင်းဆောင်ရွက်နေတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေကိုလည်း ဥပဒေအရအရေးယူသွားမယ်။နေ့စဉ်လည်းလုပ်ဆောင် သွားမယ်။”ဟု အမှတ်(၄)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြတ်ကျော်သူက ပြောကြားသည်။

ယင်းအပြင် အောက်တိုဘာ(၇)ရက်ညပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးမြို့အဝင်(တံခွန် တိုင်အဝိုင်းပတ်)တွင် အရက်သောက်စားသူ(၁၀)ဦးကိုလည်း ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်အရေး ယူခဲ့သည်။

အောက်တိုဘာ(၆)ရက်ည(၁၁)နာရီခွဲအချိန်ခန့်က ၆၆လမ်း၊ ၂၄လမ်းနှင့်၂၆လမ်းကြား၊ ကျုံးဘေး ပလက်ဖောင်းပေါ်တွင် ကိုထွန်းထွန်းဦး အသက်(၂၇)နှစ်၊ ကိုအောင်နိုင်လင်း အသက်(၂၁)နှစ်နှင့် ဦးဟန်သန်း အသက်(၅၂)နှစ်တို့မှာ အရက်ထိုင်သောက်၍စကားပြောနေစဉ်အား အမည်မသိလူတစ်စု မှဝိုင်းဝန်းရိုက်နှိပ်မှုဖြစ်ပွားခဲ့ရာ ကိုအောင်နိုင်လင်းမှာရရှိသောဒဏ်ရာဖြင့် သေဆုံးမှုဖြစ်ပေါ်ခဲ့သော ကြောင့် ယခုလိုဖမ်းဆီးအရေးယူမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဦးရာဇ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.