ပူတင်နှုတ်ထွက်ပေးဖို့ လူထောင်နဲ့ချီ တောင်းဆို၊ ရုန်းရင်းဆန်ခတ်ဖြစ်


အောက်တိုဘာ ၈ - သမ္မတ ဗလာဒီမာပူတင်ရဲ့ မွေးနေ့ဖြစ်တဲ့အောက်တိုဘာ ၇ ရက်မှာ ရုရှားနိုင်ငံအနှံ့ လူပေါင်း ထောင်နဲ့ချီ လမ်းပေါ်ထွက်လာကာ ပူတင်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပြီး စိန့်ပီတာစဘတ်မြို့ စုဝေးပွဲတစ်ခုကိုတော့ ရုရှားရဲတွေက အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

ထောင်ချခံရတဲ့ အတိုက်အခံခေါင်းဆောင် အလက်စီနာဗယ်နီက အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုမှုကို ထောက်ခံတဲ့အနေနဲ့ ရုရှားရဲ့ဒုတိယအကြီးဆုံးနဲ့ ပူတင်မွေးရပ်မြို့မှာ လူ ၃၀၀၀ လောက်စုဝေးခဲ့ကြသလို မော်စကိုမြို့လယ်မှာလည်း လူတစ်ထောင်ကျော် ဆန္ဒပြခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်တွေက ဆိုပါတယ်။ တစ်နိုင်ငံလုံးက မြို့ကြီးပေါင်း ၈၀ ခန့်မှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။

တစ်နိုင်ငံလုံးမှာ လူ ၂၇၀ ကျော် အဖမ်းခံရပြီး အဲသည်အထဲက ၆၀ ကျော်က စိန့်ပီတာစဘတ်မှာဖြစ်ကြောင်း နိုင်ငံရေးအရ ဖမ်းဆီးမှုတွေကို စောင့်ကြည့်တဲ့ OVD-Info အုပ်စုက ဆိုပါတယ်။
မိုးရွာနေတဲ့ မော်စကိုဆန္ဒပြပွဲကို ရဲတွေက သည်းခံခဲ့ကြပြီး ပူတင်မွေးနေ့မှာ ရုန်းရင်းဆန်ခတ်မှုမဖြစ်အောင် ရှောင်လွှဲဖို့ အတွက် မြို့လယ်ခေါင်မှာ လူငယ်ဆန္ဒပြသမားတွေ ချီတက်တာကို ခွင့်ပြုခဲ့ပေမယ့် စိန့်ပီတာစဘတ်ဆန္ဒပြပွဲကတော့ အကြမ်းဖက်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဆန္ဒပြသူတချို့ကို အမာစားဦးထုပ်ဆောင်းထားတဲ့ရဲတွေက ရဲကားတွေထဲ ဆွဲသွင်းနေချိန် တက်ကြွလှုပ်ရှားသူတွေက "ရှက်ဖွယ်ပဲ" လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒီအချိန်မှာ ဆန္ဒပြသူအများအပြား ဒဏ်ရာရပြီး တချို့က ထွက်ပြေးတိမ်းရှောင် ကြရတယ်လို့ အေအက်ဖ်ပီသတင်းထောက်တစ်ယောက်နဲ့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

အသက် ၂၀ အရွယ် အီဂေါကလီမော့ဗ်က သူ ပူတင်ကို သဘောမကျဘူးလို့ ဆိုပါတယ်။ "ကျွန်တော် လူမှန်းသိတဲ့ အချိန်ကတည်းက သူ ဒီရာထူးမှာ ရှိနေတာ။ နေရာတိုင်းမှာလည်း ခြစားမှုတွေချည်းပဲ" လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ဓာတ်ပုံတွေမှာ ခွင့်မပြုတဲ့ ဆန္ဒပြပွဲတစ်ခုမှာ ရဲတွေရဲ့အဖမ်းခံရပြီးနောက် အမျိုးသမီးတစ်ယောက်က သူ့ရဲ့သွေးထွက်နေတဲ့ခေါင်းကို အုပ်ထားတာ တွေ့ရပါတယ်။
အမ်နက်စတီအင်တာနေရှင်နယ်က ရုရှားအာဏာပိုင်တွေကို ဆန္ဒပြသူတွေကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုဖြစ်ရပ် တွေကို စစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။

"ကရင်မလင်ရဲ့ရည်ရွယ်ချက်က ရှင်းတယ်။ ဆန္ဒပြလှုပ်ရှားမှုကို အသက်သွင်းမခံဖို့" လို့ အမ်နက်စတီရဲ့ ဥရောပနဲ့ ဗဟိုအာရှလက်ထောက်ဒါရိုက်တာ ဒန်းနစ်ခရီဗိုရှိဗ်က ပြောပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြမှုဟာ အခွင့်အရေးတစ်ခုဖြစ်ပြီး ရုရှားကလူအများက အဲဒီအခွင့်အရေးကို ကျင့်သုံးချင်ကြတယ်။ ရုရှား အာဏာပိုင်တွေအနေနဲ့ ဒီဆန္ဒပြသူတွေရဲ့ အခွင့်အရေးတွေကို လေးစား၊ ကာကွယ်ဖို့ ချက်ခြင်းလုပ်ဆောင်သင့်တယ်" လို့သူကဆိုပါတယ်။

စုပြည့်စုံ
ref:AFP, Oct 8th
Kumudra

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8315,interview,222,knowledge,9,Live,8,LocalNews,17146,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ပူတင်နှုတ်ထွက်ပေးဖို့ လူထောင်နဲ့ချီ တောင်းဆို၊ ရုန်းရင်းဆန်ခတ်ဖြစ်
ပူတင်နှုတ်ထွက်ပေးဖို့ လူထောင်နဲ့ချီ တောင်းဆို၊ ရုန်းရင်းဆန်ခတ်ဖြစ်
https://2.bp.blogspot.com/-JlfIfMQsGKA/Wdn1DT2HnoI/AAAAAAAAdZw/-hzwWqE9VGI3KTyG_LyGKtroba9Cf40cwCLcBGAs/s400/q1.jpg
https://2.bp.blogspot.com/-JlfIfMQsGKA/Wdn1DT2HnoI/AAAAAAAAdZw/-hzwWqE9VGI3KTyG_LyGKtroba9Cf40cwCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/10/blog-post_771.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/10/blog-post_771.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy