ရိုဟင်ဂျာဒုက္ခသည်စခန်းကြီး ကျန်းမာရေးအန္တရာယ် ကုလသတိပေး

ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း Kutupalong ရိုဟင်ဂျာဒုက္ခသည် စခန်းတခု (Oct. 2, 201 ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၈၀၀,၀၀၀ ကျော်ကို...


ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း Kutupalong ရိုဟင်ဂျာဒုက္ခသည် စခန်းတခု (Oct. 2, 201ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၈၀၀,၀၀၀ ကျော်ကို ထားဖို့အတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစီအစဉ်ဟာ အန္တရာယ်ကြီးတယ်လို့ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတဦးက စနေနေ့မှာပြော ပါတယ်။ စခန်းထဲမှာ လူဦးရေ အရမ်းများလွန်းတာဟာ အန္တရာယ်ရှိတဲ့ရောဂါပိုးတွေ အလျင်အမြန် ပြန့်ပွား သွားနိုင်တဲ့အန္တရာယ် မြင့်လွန်းတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

စခန်းကြီးတခုထဲဆောက်မယ့်အစား နေရာအသစ်တွေမှာ နောက်ထပ်စခန်းတွေ ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ စဉ်းစားသင့် တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Robert Watkins က AFP သတင်းဌာနကိုပြောတာပါ။

လူအများကြီးကို သိပ်သေးလွန်းတဲ့နေရာတခုမှာ စုပြုံထားတာဟာ၊ အထူးသဖြင့် ရောဂါပိုး ၀င်ဖို့ သိပ်ကို အကာအကွယ်မဲ့လွန်းတဲ့ လူတွေအတွက်၊ အန္တရာယ်ရှိပါတယ်လို့ Watkins က AFP ကိုပြောပါတယ်။

ကူးစက်နိုင်တဲ့ရောဂါပိုးတွေ ပြန့်ပြီဆိုတာနဲ့ အရမ်းကို မြန်မြန်ဆန်ဆန် ပြန့်ပွားသွားမှာ ဖြစ်ပြီးတော့ စခန်းတွေမှာ မီးဘေးအန္တရာယ် ကလဲ ကြီးလွန်းတယ်လို့ Watkins က ဆိုပါတယ်။

စခန်းတခုထဲမှာ စုထားတာထက် စခန်းတွေခွဲထားတာက လူတွေ၊ ကျန်းမာရေး အခြေအနေ နဲ့ လုံခြုံရေးပိုင်းတွေကို စီမံခန့်ခွဲရတာ အများကြီး ပိုပြီးလွယ်ကူစေ ပါတယ်လို့ Watkins ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပန်ကြားချက်နဲ့ အကူအညီပေးအဖွဲ့တွေရဲ့ လုပ်ငန်းကို ပေါင်းစပ် ညှိနှိုင်းဖို့၊ စခန်းသစ်နေရာမှာ အဆောက် အဦးတွေ ကူညီဆောက်လုပ်ပေးဖို့ ကုလသမဂ္ဂ၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာအဖွဲ့ IOM က သဘောတူထားပါ တယ်။

အခုတည်ဆောက်ဖို့ စီစဉ်ထားတဲ့စခန်းဟာ လက်ရှိမှာ အကြီးဆုံးလို့ယူဆထားကြပြီး ဒုက္ခသည် ၃၀၀,၀၀၀ ပတ်ဝန်းကျင်လောက် စီရှိကြတဲ့ ယူဂန်ဒါနိုင်ငံက Bidi Bidi စခန်းနဲ့ ကင်ညာနိုင်ငံက Dadaab စခန်းတွေထက် ပိုကြီးပြီး ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်း ဖြစ်လာမှာပါ။

ဒီစခန်းကို လက်ရှိ Kutupalong စခန်းဘေးက ဧက ၃,၀၀၀ အကျယ်ရှိတဲ့မြေမှာ ဆောက်ဖို့ လျာထား ပါတယ်။
VOA Burmese News

COMMENTS

Name

art,1,article,1280,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6418,interview,206,Live,8,LocalNews,14084,news,2842,opinion,750,photos,202,poem,114,satires,38,song,12,speech,12,sports,127,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: ရိုဟင်ဂျာဒုက္ခသည်စခန်းကြီး ကျန်းမာရေးအန္တရာယ် ကုလသတိပေး
ရိုဟင်ဂျာဒုက္ခသည်စခန်းကြီး ကျန်းမာရေးအန္တရာယ် ကုလသတိပေး
https://gdb.voanews.com/EB8CABC3-9063-49C7-8F98-B180D33B0825_w1023_r1_s.jpg
dawnmanhon
http://www.dawnmanhon.com/2017/10/blog-post_776.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/10/blog-post_776.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy