ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာ၌ အနိမ့်ဆုံးမော်ဒယ်လ်နှစ်ကို ၂၀၁၄ ခုနှစ် သတ်မှတ်ပြီး ဘယ်မောင်းယာဉ်သာ ခွင့်ပြုမည်



ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်အား တွေ့ရစဉ်(ဓာတ်ပုံ-မော်တော်ယာဉ် တင်သွင်းခြင်း လုပ်ငန်းများကြီးကြပ်ရေးကော်မတီ)
    ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

    ၂၀၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာ၌ အနိမ့်ဆုံးမော်ဒယ်လ်နှစ်ကို ၂၀၁၄ ခုနှစ် သတ်မှတ်ပြီး ဘယ်မောင်းယာဉ်တစ်မျိုးတည်းသာ ခွင့်ပြုမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ယနေ့ အောက်တိုဘာလ ၁၆ ရက် ၌ ထုတ်ပြန်လိုက်သည်။

ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် ကားတင်သွင်းရာတွင် လူစီးမော်တော်ယာဉ်(၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်အပါအ၀င်)၊ ကုန်သည်ယာဉ်နှင့် ခရီးသည်တင်ယာဉ်(Mini Bus၊ City Bus၊ Express Bus)စသည့်တို့ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း(ဘယ်မောင်း)သာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူပုဂ္ဂိုလ်တစ်ဦးခြင်း အစီအစဉ်ဖြင့် ကားတင်သွင်းရာတွင် လူစီးမော်တော်ယာဉ်(၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်အပါအ၀င်)၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)ကိုသာခွင့်ပြုမည်ဖြစ်ပြီး ကုန်သည်ယာဉ်နှင့် ခရီးသည်တင်ယာဉ်(Mini Bus၊ City Bus၊ Express Bus)စသည့်တို့ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း(ဘယ်မောင်း)သာ တင်သွင်းခွင့်ပြုမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအနေဖြင့် လူစီးမော်တော်ယာဉ် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များကို ၂၀၁၄ခုနှစ်မှ၂၀၁၈ ခုနှစ်အတွင်း(ဘယ်မောင်း)၊ ယန္တရားများ ၂၀၀၉ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များကို ၂၀၀၇ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း (ဘယ်မောင်း)သာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.