တဘက်နိုင်ငံကို ထွက်ခွာသူ အရေအတွက် တိုးလာ



မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာကြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်မယ့် သူတွေကို အောက်တိုဘာ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Infomation Committee's Facebook
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ တစ်ဘက်နိုင်ငံကို သွားရောက်ဖို့ နေရပ်စွန့်ခွာလာခဲ့ကြတဲ့ မွတ်ဆလင် ဦးရေဟာ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ အောက်တိုဘာ ၅ ရက်နေ့အထိ ၉ ရက်အတွင်း လူပေါင်း ၁၇၀၀၀ ကျော် ရှိတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ကထုတ်ပြန်ပါတယ်။

စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးအခက်အခဲတွေအပြင် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြ တဲ့ မွတ်ဆလင်တွေက ထွက်ခွာလာဖို့ ပြောဆိုတာတွေရှိသလို လူနည်းစုဖြစ်လာမှာစိုးရိမ်ပြီး တဘက်နိုင်ငံမှာ ရှိတဲ့ မျိုးနွယ်စုတွေထံ သွားရောက်လိုကြတာကြောင့် အခုလို ထွက်ခွာလာကြတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာလာတဲ့ မွတ်ဆလင်တွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာတွေကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ ရွာသစ်ကေ၊ လေယာဉ်ပျံကွင်း၊ ငါးရံ့ချောင်း၊ ပညောင်ပင်ကြီး ၊ ဂေါ်ဒူသာရချောင်းဝ စတဲ့နေရာတွေအနီးမှာ အသီးသီးစုပြုံရောက်ရှိလာကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း သွားရောက်ကြည့်ရှုတာတွေရှိပေမယ့်လည်း အခုလိုနေရပ်စွန့်ခွာလာကြတဲ့သူတွေဟာ တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာသွားခဲ့ကြသလား၊ ဒါမှမဟုတ် နေရပ်ကိုပြန်လာကြသလား ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျ ဖော်ပြမထားပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း မှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မွတ်ဆလင်ဦးရေ ၄ သိန်းကျော် ရှိနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ မြန်မာအစိုးရဘက် ကတော့ တဘက်နိုင်ငံကိုရောက်ရှိနေတဲ့ အရေအတွက်ကို ထုတ်ပြန်ထားတာ မရှိပါဘူး။

RFA Burmese
http://www.rfa.org/burmese

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7712,interview,221,knowledge,9,Live,8,LocalNews,16344,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,155,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: တဘက်နိုင်ငံကို ထွက်ခွာသူ အရေအတွက် တိုးလာ
တဘက်နိုင်ငံကို ထွက်ခွာသူ အရေအတွက် တိုးလာ
https://1.bp.blogspot.com/-r9oz7msaNPI/WddyH3j-iaI/AAAAAAABYOk/SOdGkxYbjW8-Yd9xl0vMuaU8QDSBJDyaACLcBGAs/s400/1.jpg
https://1.bp.blogspot.com/-r9oz7msaNPI/WddyH3j-iaI/AAAAAAABYOk/SOdGkxYbjW8-Yd9xl0vMuaU8QDSBJDyaACLcBGAs/s72-c/1.jpg
dawnmanhon
http://www.dawnmanhon.com/2017/10/blog-post_86.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/10/blog-post_86.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy