မန္တလေး ဘူတာကြီးအနီးတဝိုက်တွင် အုပ်စုဖွဲ့၍ အနိုင်ကျင့် သူတွေကို စစ်ဆေးအရေးယူ


မန္တလေး ဘူတာကြီးအနီးတဝိုက်တွင် အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်း၊ ငွေကြေးပိုမို တောင်းခံခြင်းများ ပြုလုပ်နေသည့် ဆိုင်ကယ်တက္ကစီသမားများနှင့် တရားမဝင် ကားလက်မှတ် အရောင်းဂိတ်များကို စည်ပင်သာယာရဲတပ်ဖွဲ့မှ စစ်ဆေးအရေးယူ
မန္တလေး ဘူတာကြီးအနီးတဝိုက်တွင် အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်း၊ငွေကြေးပိုမို တောင်းခံခြင်းများ ပြုလုပ်နေသည့် ဆိုင်ကယ်တက္ကစီသမားများနှင့် တရားမဝင် ကားလက်မှတ် အရောင်းဂိတ်များကို အောက်တိုဘာလ ၂၃ရက်နေ့မှ စတင်၍ စည်ပင်သာယာရဲတပ်ဖွဲ့မှ စစ်ဆေးအရေးယူ လျက်ရှိကြောင်း သိရသည်။

မန္တလေး ဘူတာကြီးဘအနီးတဝိုက်တွင် အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်း၊ ငွေကြေးပိုမို တောင်းခံခြင်းများ ပြုလုပ်နေကြောင်းကို ကာယကံရှင်များနှင့် တာဝန်သိပြည်သူများမှ Facebook လူမှုကွန်ယက်မှတဆင့် တင်ပြခဲ့မှုများအပေါ် ထိုကဲ့သို့ စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်ကြောင်းနှင့် သတင်းတင်ပေးသူများကို ကျေးဇူးတင်ရှိပါကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။


၎င်းကဲ့သို့ အရေးယူဆောင်ရွက်ရာတွင် အောက်တိုဘာလ ၂၃ရက်နေ့က တရားမဝင် လက်အမှတ်ရောင်းဂိတ်(၃)ခုနှင့် အောက်တိုဘာလ (၂၄)ရက်နေ့က လက်မှတ်အရောင်းဂိတ် (၁)ခု တို့ကို စစ်ဆေးအရေးယူခဲ့ပြီး စည်ပင်သာယာရေးဥပဒေဖြင့် စည်ပင်သာယာတရားရုံးသို့ တရားစွဲတင်ပို့ထားကာ ဆက်လက်စစ်ဆေးအရေးယူဆောင်ရွက်ရန် တိုင်းဒေသကြီး
အနေဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားကြောင်းလည်း ၎င်းကဆက်လက်ဖော်ပြထားသည်။

(Ah Lin Nge)
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.