ဂြိုဟ်တုလွှတ်တင်ပေးသည့် အတွက် တရုတ် နိုင်ငံအား ကျေးဇူးတင်ကြောင်း ဗင်နီဇွဲလား နိုင်ငံ သမ္မတ ပြောကြား



တရုတ် နိုင်ငံ ကျုံချွင် ဂြိုဟ်တု လွှတ်တင်ရေး စင်တာ မှ ဂြိုလ်တု လွှတ်တင်နေစဉ်(ဆင်ဟွာ)
    ကာရာကက်စ် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

    ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro က အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်ခဲ့သည့် ရုပ်မြင်သံကြား အစီအစဉ် တွင် တရုတ် နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ အတွက် တတိယမြောက် ကိုယ်ပိုင်ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင်ပေး ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

Nicolás Maduro က ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ခြင်းကြောင့် ဗင်နီဇွဲလား နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် လွန်စွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ အပေါ် နည်းပညာ အထောက်အပံ့များ ပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ၊ တတိယမြောက် ကိုယ်ပိုင် ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ခြင်းကြောင်း ဗင်နီဇွဲလား နိုင်ငံ သည် နည်းပညာ အမှီအခိုမဲ့ လမ်းကြောင်း ကို ပိုမို တက်လှမ်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ ၏ တတိယမြောက် သတင်းအချက်အလက် ဂြိုဟ်တု ကို အောက်တိုဘာ ၉ ရက်နေ့ ပေကျင်း စံတော်ချိန် ၁၂ နာရီ ၁၃ မိနစ် အချိန်တွင် တရုတ် နိုင်ငံ ကျုံချွင် ဂြိုဟ်တု လွှတ်တင်ရေး စင်တာ မှ အောင်မြင်စွာ လွှတ်တင်ပေး ခဲ့ခြင်း ဖြစ်ပြီး ယခု လွှတ်တင်ခဲ့သည့် ဂြိုဟ်တု ဖြင့် ဗင်နီဇွဲလား နိုင်ငံ သည် နိုင်ငံအရင်းအမြစ် ရှာဖွေစစ်ဆေးခြင်း ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ခြင်း ၊ သဘာဝဘေး ထိန်းချုပ်ခန့်မှန်း ခြင်း ၊ စိုက်ပျိုရေးထွက်နှုန်း တွက်ချက်ခြင်း နှင့် မြို့ပြအစီအစဉ် ရေးဆွဲခြင်း စသည့် ဆောင်ရွက်မှု များကို ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.