ဒိုင်းနက်တိုင်းရင်းသား ၂ ဦး သေဆုံး



မောင်တောမြို့ အ၀င်ဝကို တွေ့ရစဉ်/ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ(နတလ)ကျေးရွာက  တောထဲမှာ တောဝက်သွားရှာ တဲ့ ဒိုင်းနက်တိုင်းရင်းသား ၄ ဦးကို မနေ့ညနေက  လက်နက်ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ တာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူနှစ်ဦးကို ဘူးသီးတောင်ဆေးရုံကို ဒီနေ့ပို့ဆောင်လိုက်တယ်လို့ အောင်သပြေ(နတလ)ကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးသုဒဿနက မိန့်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ နယ်ခြားမိုင်တိုင်အမှတ် ၄၆ နဲ့ ၄၇ ကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင် ၂၀ ဝန်းကျင်လောက်က တစ်ဘက်နိုင်ငံဘက်ခြမ်းကနေ ဝင်ရောက်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

အဲဒီလိုပစ်ခတ်ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ရွာခံနှစ်ဦးက ကျေးရွာသားတွေကို ခေါ်ယူပြီး အခင်းဖြစ်နေရာကို ပြန်လည်သွားရောက်ရှာဖွေခဲ့ရာမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့  သိရပါတယ်။

ရွာသားတွေပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေထံ အကြောင်းကြားထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

အောင်သပြေကျေးရွာဟာ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ထောင်ထား တဲ့ အိမ်ခြေ ၁၃၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး မောင်တောမြို့နဲ့ဆို မိုင် ၅၀ လောက် ဝေးပါတယ်။

အခုလို လူနည်းစု ဒိုင်းနက်တိုင်းရင်းသားတွေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.