နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အကူအညီတွေ ပေးအပ်



ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေသူတွေအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသော လေယာဉ်အားတွေ့ရစဉ်။ Photo: Htet Arkar/ RFA
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေသူတွေအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန AHA နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၄သိန်းခွဲနီးပါးတန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။

လက်ခံရရှိတဲ့ ပစ္စည်းတွေကို ရခိုင်ပြည်နယ်အစိုးရဆီ တိုက်ရိုက်ပေးပို့ပြီး လိုအပ်တဲ့နေရာတွေကို ပေးပို့သွားမှာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်း ဦးစီးမှူး ဦးဝင်းရွှေ က ပြောပါတယ်။

ထောက်ပံ့ရေးပစ္စည်းတွေကို လေယာဉ် ၂စင်းနဲ့ သယ်ဆောင်လာတာဖြစ်ပြီး မိသားစုသုံး ရွက်ဖျင်တဲ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ မီးစက် ၊ အလူမီနီယံစက်တပ်လှေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းစုံ နဲ့ အခြားမိသားစုသုံး ပစ္စည်းတွေ ပါဝင်ပါတယ်။

အာဆီယံဒေသအတွင်းက ဒုက္ခသည်တွေကို အဓိကကူညီတဲ့ အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန (AHA) ကို အာဆီယံ ၁၀နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အင်ဒိုနီးရှားနိုင်ငံမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် လူတိုင်း ပါဝင် လှူဒါန်းနိုင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရက ဘဏ်အကောင့်တစ်ခု ဖွင့်ထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့မှာ အလှူငွေကို လက်ခံနေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ဒီကနေ့အထိ ရရှိတဲ့ အလှူငွေ သိန်းပေါင်း ၄ထောင် နီးပါးရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.