မြန်မာစစ်ဗိုလ်ချုပ်တွေကို ဖိတ်ကြားမှု ဥရောပနိုင်ငံများအဖွဲ့ ရပ်ဆိုင်း


၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ မြန်မာ့တပ်မတော် အရာရှိတချို့ကို တွေ့ရစဉ်
၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ မြန်မာ့တပ်မတော် အရာရှိတချို့ကို တွေ့ရစဉ်
Photo: RFA
မြန်မာနိုင်ငံအတွင်း မသင့်တော်တဲ့ အင်အားသုံးစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေကို အီးယူ ဥရောပနိုင်ငံတွေဆီ ဖိတ်ခေါ်တာတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ဥရောပနိုင်ငံဝန်ကြီးတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကလေးတွေကို ရက်ရက်စက်စက်တိုက်ခိုက်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေရှိနေပြီး အဲဒီလုပ်ရပ်တွေအတွက် စုံစမ်း စစ်ဆေးရမှာဖြစ်သလို ဥပဒေမဲ့လုပ်ရပ်တွေပြုလုပ်ခဲ့သူတွေကို အရေးယူရမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ထုတ်ဝေတဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်စစ်သွေးကြွတွေက ရခိုင်ပြည်နယ်ထဲက ရဲစခန်း ၃၀ ကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် မြန်မာလုံခြုံရေးတပ်သားတွေက ဝင်ရောက်နှိမ်နင်းရာမှာ ရိုဟင်ဂျာ ၅ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြပြီး အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီး၊ အမျိုးသမီးတွေ ကို မတရားပြုကျင့်ခဲ့တယ်လို့ ဥရောပသမဂ္ဂက စွပ်စွဲထားတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ဒဏ်ခတ်အရေးယူမှုဟာ ပျော့ပြောင်း လွန်းနေပြီး မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြမ်းဖက်မှု တွေဆက်လုပ်ဖို့ မီးစိမ်းပြလိုက်သလိုတောင် ဖြစ်သွားတယ်လို့ ဗြိတန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမာနာက ပြောဆိုပါတယ်။

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.