မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်၌ လက်လုပ်ဗုံးများတွေ့ရှိ


နေပြည်တော်၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်နေ ဦးညွန့်တင်သည် ယနေ့နံနက်ပိုင်းတွင် ၎င်းနေအိမ်အနီးရှိ ချောင်းအတွင်းငါးရှာစဉ် အဆိုပါရပ်ကွက်ရှိ မြောင်းကူးတံတားအောက် ရေစပ်၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ်အားတွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရှုခဲ့ရာ အိတ်အတွင်း၌ နှစ်ဖက်ပိတ် ပလတ်စတစ်ပိုက်များအား တွေ့ရှိခဲ့ပြီး မိုင်းဟုယူဆသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သည်။


သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့သွား ရောက်ရှင်းလင်းရာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား များစွန့်ပစ်ထားသည့် အချင်း ၁ လက်မခွဲ၊ အရှည် ၆ လက်မရှိ ပီပီစီပိုက်ဖြင့် ပြုလုပ်ထားပြီးအတွင်း၌ Burgel အမျိုးအစား အားမြှင့်ယမ်းများနှင့် အချင်း ၁ စင်တီမီတာခန့်ရှိ ဘောစေ့အလုံး ၁၀၀ ခန့်စီထည့်သွင်းထားသည့် လက်လုပ်ဗုံး ၄၀ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါလက်လုပ်ဗုံးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး သက်မဲ့ပြုလုပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.