စစ်ရှောင်စခန်းတွေကို အကူအညီရပ်ဆိုင်းပြီ


မြန်မာနိုင်ငံတွင်းမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည် စခန်းတချို့ကို ပေးနေတဲ့ နိုင်ငံတကာ အကူအညီတွေ ရပ်ဆိုင်းသွားပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ဖက်ပိုင်းမှာရှိတဲ့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းက စစ်ရှောင်ဒုက္ခသည်စခန်းတွေကို ပေးနေတဲ့ လူမှုကယ်ဆယ်ရေး အကူအညီ လျှော့ချ ဖြတ်တောက်မှုတွေကို ပြီးခဲ့တဲ့လက စပြီးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ နယ်စပ်ဒေသ လူမှုစောင့်ရှောက်ရေး အဖွဲ့ Border Consortium ရဲ့ အမှုဆောင် ဒါရိုက်တာ ဆယ်လီ သောမဆင်က ပြောပါတယ်။

အရင်က ဒီစခန်းတွေကို ထိုင်းဘက်ကနေ နယ်ခြားဖြတ်ကျော် ကူညီနေတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်က အဖွဲ့အစည်းတွေမှာလည်း ရန်ပုံငွေ နည်းလာတဲ့အခက်အခဲတွေရှိပါတယ်။

ဒီဘက် စစ်ရှောင်စခန်းက လူတွေကလည်း သူတို့မူရင်းဒေသမှာ လုံခြုံရေး မတည်ငြိမ်သေးတာကြောင့် မပြန်ရဲတာတွေ ရှိတယ်လို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

ဒီစခန်းတွေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ရှိနေတာ ဖြစ်ပြီး အဲဒီစခန်းတွေက စစ်ရှောင် ဒုက္ခသည်တွေ ဆိုတာကလည်း ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေလို အပြင်မထွက်ရတဲ့ အခြေအနေ မျိုးမဟုတ်တာ ဖြစ်တာကြောင့် ရေရှည်ရပ်တည်နိုင်မဲ့ နည်းလမ်း အဖြေရှာရန်လိုပါတယ်။

အခုလက်ရှိ ထိုင်းမြန်မာနယ်စပ်က စခန်း၉ခုက ဒုက္ခသည် တသိန်းနီးပါးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ အကြောင်းအမျိုးမျိုးပြ အကူအညီတွေ လျှော့ချ ခံနေရတာဖြစ်ပါတယ်။ ဒီလို ဖြတ်တောက်လျှော့ချ မှုတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာလဲ ထိခိုက်လာရတယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေ အနေနဲ့ သူတို့နေရပ်တွေမှာ လတ်တလော တိုက်ပွဲဖြစ်နေတာတွေ ရှိနေသလို တချို့ စစ်မီးငြိမ်းသွားတဲ့နေရာတွေ ဆိုရင်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကို ကြောက်ရွံ့နေကြဆဲပါ။

ဒီလို အခြေအနေမျိုးမှာ ဒုက္ခသည်စခန်းမှာ ကျပြန်တော့ အကူအညီတွေက လျှော့ချခံနေရလို့ ရှေ့ဆက် ရပ်တည်ရေး အတွက် စိုးရိမ် နေရချိန်မှာ တိုက်ပွဲတွေ ဖြစ်လျက်ရှိတဲ့ ဒေသက ပြည်တွင်း စစ်ရှောင်စခန်းတွေကို ပေးနေတဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေ လုံးဝဖြတ်တောက်လိုက်တာဟာဖြင့် အကူအညီ လိုအပ်နေသူတွေကို ဒုက္ခတွင်းထဲ တွန်းပို့နေသလို ဖြစ်နေတယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.