ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ လှေမှောက်လို့ ၁၂ ဦးသေဆုံး



ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေနဲ့ ထွက်ပြေးနေတဲ့ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေ
မြန်မာကနေ ထွက်ပြေးလာတယ်ဆိုတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို တင်ဆောင်လာတဲ့ လှေဟာ ဘင်္ဂလားဒေ့ရှ်နားမှာ မှောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းက နတ်မြစ်အတွင်းဖြစ်ခဲ့တဲ့ လှေမှောက်မှုမှာ လူအချို့လည်း ပျောက်ဆုံးနေပြီး အဲဒီလှေမှာ အနည်းဆုံး လူ ၁၀ဝ လောက်ပါလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း ဒါဇင်နဲ့ချီတဲ့ ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ နတ်မြစ်ကို ဖြတ်ကူးရင်း သေဆုံးခဲ့ကြပါတယ်။ လှေပေါ်လူဘယ်လောက်ပါသလဲဆိုတာကတော့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်က တိတိကျကျပြောဆိုနိုင်တာမရှိဘူး ၄၀ ကနေ အများဆုံး ၁၀ဝ လောက် အထိသာပါနိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။ ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြသူတွေအများစု အသုံးပြုကြတာဟာ ခိုင်ခံ့မှု မရှိတဲ့ ငါးဖမ်းလှေလေးတွေကိုသာ အသုံးပြုနေရတာပါ။

အခုထိ လူအများအပြားဟာ လူတွေအလွန်ပြည့်ကျပ်နေတဲ့ လှေတွေနဲ့ လာဖို့ ဆန္ဒရှိနေကြတယ်။ ဖြစ်နိုင်ချေရှိတာကတော့ အများစုဟာ ရေမကူးတတ်ကြဘူး။ သူတို့ဟာ စွန့်စားပြီး ဒီဘက်ကိုလာနေရတာဟာ အရှိတရားပါ လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Save the Children အဖွဲ့မှ Evan Schuurman က ပြောပါတယ်။ ရခိုင်မြောက်ပိုင်းဖြိုခွင်းမှုတွေနဲ့ ပတ်သက်လို့ အစိုးရ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ မြန်မာတပ်မတော်ဘက်ကတော့ ဒီအချက်ကို ငြင်းဆန်ထားပြီး စစ်သွေးကြွတွေကိုပဲ ဦးတည်နှိမ်နင်းခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဟိန္ဒူ ဘာသာဝင်အချို့လို ရခိုင်ဒေသမှာနေတဲ့ ဒေသခံအချို့ကလည်း အကြမ်းဖက် ဖြိုခွင်းမှုတွေအတွင်း ထိခိုက်ခံစားရတာတွေ ရှိခဲ့ပြီး ARSA စစ်သွေးကြွတွေက ဟိန္ဒူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.