အမျိုးသမီး ၃၀ကျော်ကို HIV ပိုးကူးအောင် လုပ်ခဲ့သူ ထောင်ချခံရ



 ၂၀၁၅ နိုဝင်ဘာတုန်းက ဖမ်းဆီး ခံခဲ့ရတဲ့ Valentino Talluto
အီတလီမှာ အမျိုးသားတယောက်ဟာ အိတ်ခ်ျအိုင်ဗွီပိုး ရှိမှန်းသိရက်နဲ့ အကာအကွယ် မသုံးဘဲ အမျိုးသမီး အယောက် သုံးဆယ်နဲ့ လိင်ဆက်ဆံကာ ရည်ရွယ်ချက်ရှိရှိ ဒီရောဂါပိုး ကူးစက်စေခဲ့တဲ့အပေါ် ထောင်၂၄နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

စာရင်းကိုင်တယောက်ဖြစ်တဲ့Valentino Talluto ဗယ်လန်တီနို တော်လူတိုဟာ သူ့မှာ အိတ်ခ်ျအိုင်ဗွီ ပိုးရှိမှန်းသိသွားပြီးနောက် အင်တာနက်ပေါ်ကနေ အမျိုးသမီးတွေကို ဖျားယောင်းသွေးဆောင် ကာမဆက်ဆံမှု ဆယ်နှစ်ကြာ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

သူ့နဲ့ဆက်ဆံခဲ့တဲ့ အမျိုးသမီး သုံးယောက်ကတဆင့် သူတို့ရဲ့ အဖော် အမျိုးသားတွေဆီလည်း ဒီရောဂါပိုး ကူးစက်ခဲ့ပြီး နောက်အမျိုးသမီးတယောက်ဆိုရင် သူ့ကလေးမှာပါ ဒီရောဂါပိုး တွေ့ရှိခဲ့တယ်လို့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။

မစ္စတာ တော်လူတိုရဲ့ လုပ်ရပ်ဟာ အမြှော်အမြင်မရှိပေမယ့် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူးလို့ သူ့ရှေ့နေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.