ဂါဇာဒေသတောင်ပိုင်းတွင် ဟားမတ်စ် အဖွဲ့က IS ထိပ်တန်းခေါင်းဆောင်တစ်ဦးအား ဖမ်းဆီး



ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)
  ဂါဇာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

    ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တပ်ဖွဲ့က ဒေသတောင်ပိုင်းတွင် IS ထိပ်တန်းခေါင်းဆောင်တစ်ဦး နှင့် အခြားစစ်သွေးကြွသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဟားမတ်တပ်ဖွဲ့၏ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး  က အောက်တိုဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ပြည်ထဲရေးလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာ့ထ်မြို့ ၌ ညသန်းခေါင်ယံအချိန်တွင် Eassa နှင့် အခြား စစ်သွေးကြွသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လေးဦးစလုံးကို လုံခြုံရေးတပ်ဖွဲ့ မှအလိုရှိနေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း Eyad al-Bozzom က သတင်းထောက်များအားပြောကြားခဲ့သည်။

Eassa နှင့် အခြား စစ်သွေးကြွသုံးဦး သည် IS အဖွဲ့ နှင့် နီးစပ်သော Ahfad Bayt el-Maqdes စစ်သွေးကြွအုပ်စုမှဖြစ်ပြီး ယင်းအုပ်စုသည် လွန်ခဲ့သော လအနည်းငယ်အတွင်း ဂါဇာမှနေ၍ အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့်ပစ်ခတ်မှု တွင် ပါဝင်ကြောင်းပြောကြားခဲ့သည်။

ရာဖာ့ထ်မြို့ရှိ လုံခြုံရေးသတင်းရင်းမြစ်များအရ Eassa အပါအဝင် စစ်သွေးကြွလေးဦး ကို ရာဖာ့ထ်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နှင့် Eassaသည် လစ်ဗျားတွင် IS တပ်ဖွဲ့ဝင်များ နှင့် အတူတူ တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ၂၀၁၆ခုနှစ်တွင် ဂါစာကမ်းမြောင်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/world
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.