အစွန်းရောက် စစ်ဆင်ရေး သယ်/ပို့လေယာဉ် Ivory Coast မှာပျက်ကျ



Ivory Coast နိုင်ငံ Abidjan မြို့
Ivory Coast ကမ်းလွန်ပင်လယ်မှာ ကုန်တင်လေယာဉ်တစင်း စနေနေ့က ပျက်ကျ တာကြောင့် Moldova နိုင်ငံသားလေးဦး သေဆုံးသွားတယ်လို့ Ivory Coast လုံခြုံရေး ၀န်ကြီးက ပြောပါတယ်။

ပြင်သစ်နိုင်ငံသားလေးဦး အပါအ၀င် နောက်ထပ် လူခြောက်ဦး ဒဏ်ရာရသွားတာမှာ သုံးဦးဟာ ပြင်သစ်စစ်သားတွေ ဖြစ်တယ်လို့ လဲ ၀န်ကြီး Sidiki Diakite က သတင်းထောက်တွေကို ပြောပါတယ်။

အာဖရိကတိုက်၊ Sehel ဒေသမှာ ဂျီဟတ်ဒ် အစွန်းရောက်ဝါဒီတွေကို နှိမ်နင်းတဲ့ Barkhane စစ်ဆင်ရေးမှာ ပြင်သစ်စစ်တပ်အတွက် သယ်ယူပို့ဆောင် ပေးနေတဲ့ လေယာဉ် ဖြစ်တယ်လို့ ပြင်သစ်စစ်ဘက် သတင်းရင်းမြစ်တခုကပြောပါတယ်။

လေယာဉ်ဟာ ပြင်သစ်စစ်ဘက်အတွက် ကုန်ပစ္စည်းတွေကို တင်ဆောင်သွားတယ်လို့ ပြင်သစ် လုပ်ထုံးသတ်မှတ်ချက်အရ ဒုဗိုလ် Villain လို့ပဲ သူ့ကိုယ်သူဖော်ပြပြောဆိုတဲ့ Ivory Coast က ပြင်သစ်တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရတဦးကပြောပါတယ်။

လေယာဉ်ပေါ်မှာ လူ ၁၀ ဦးပါသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပြင်းထန်တဲ့ မုန်တိုင်းတခု တိုက်နေချိန်အတွင်း Abidjan မြို့ က အပြည်ပြည်ဆိုင်ရာ လေဆိပ်နား ပင်လယ်ထဲမှာ လေယာဉ်ပျက်ကျသွားတာပါ။ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို မသိ ရသေးသလို ရာသီဥတုကြောင့် ဖြစ်တာလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။

လေယာဉ်ဟာ မဆင်းသက်နိုင်ဘဲ ပင်လယ်ထဲ ပျက်ကျသွားတာလို့ ရဲတပ်ဖွဲ့ ကော်မရှင်နာ မင်းကြီး Charlemagne Bleu က ပြောပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.