NLD ဦးဆောင်တဲ့ ပထမဆုံးအကြိမ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ



အောက်တိုဘာ ၁၀ရက်တွင် ကျင်းပမည့် ဘာသာပေါင်းစုံဆုတောင်းပွဲအတွက် ကြိုတင်ပြင်ဆင်ဆွေးနွေးမှုများ ပြုလုပ်နေကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များကို တွေ့ရစဉ်
Photo: National League for Democracy's facebook
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် ဘာသာပေါင်းစုံဆုတောင်း ပွဲကို လူဦးရေ ၃သောင်းလောက် တက်ရောက်မယ်လို့ဖြစ်တယ်လို့ ရန်ကုန်တိုင်း NLD ပါတီ ဒုဥက္ကဌ ဒေါက်တာစိုးဝင်းဦး က ပြောပါတယ်။

ပြည်သူပြည်သားတွေက လွတ်လွတ်လပ်လပ်နဲ့ နှစ်သက်ရာဘာသာကို ကိုးကွယ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တယ်ဆိုတဲ့ ပြယုဂ်ကို ကမ္ဘာသိအောင်ရော၊ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ အချင်းချင်းကြားမှာ နားလည်အောင် ပြသတာဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းဦး က ပြောပါတယ်။

"ဒီပွဲတစ်ပွဲလုပ်ဖို့တောင်မှ တစ်ပတ်လောက်ကျနော်တို့ ပြင်ဆင်နေရတယ်၊ တောက်လျှောက်အရမ်းပင်ပန်း ပါတယ်၊ မလွယ်ဘူး၊ လုံခြုံရေးအဓိက ပြဿနာပါ၊ လူတွေကများမယ်၊ ဘာသာပေါင်းစုံဆိုတဲ့နေရာမှာ အဖျက် အမှောက်လုပ်ချင်တဲ့သူမျိုးတွေရှိတယ်လေ နိုင်ငံမှာ၊ ပြည်သူပြည်သားတွေက လွတ်လွတ်လပ်လပ်နဲ့ နှစ်သက်ရာဘာသာကို ကိုးကွယ်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တယ်ဆိုတဲ့ ပြယုဂ်ကို ကမ္ဘာ သိအောင်ရော၊ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ အချင်းချင်းကြားမှာ နားလည်အောင် ထုတ်ပြတာပါပဲ၊ ဒါဗဟိုက မညွှန်ကြားရင် ဆရာတို့ကလုပ်လို့မရဘူးလေ၊ ပြောရင် ပါတီရဲ့ အကြီးအကဲခေါင်းဆောင်ရဲ့ ညွှန်ကြားချက် မရှိရင် လုပ်လို့မရပါဘူး၊ သို့သော် တကယ်လုပ်တဲ့အခါကျတော့ မတူတဲ့ ဘာသာရေးအဖွဲ့အစည်းတွေပေါ့၊ ဥပမာ-အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ အဲဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိရတယ်၊ အားလုံး ပါဝင် စိတ်တူကိုယ်တူ ဆောင်ရွက်ပြီးလုပ်ကြတယ်၊ တာဝန်တွေလည်း ခွဲဝေဆောင်ရွက် ကြတယ်ပေါ့နော်"

လာမယ့် ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် ဘာသာပေါင်းစုံဆုတောင်းပွဲကို သုဝဏ္ဏအမျိုးသား အားကစားရုံ ၁ မှာ ညနေ ၄ နာရီကနေ ၆ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အလားတူ ဘာသာပေါင်းစုံဆုတောင်းပွဲတွေကို မန္တလေးမြို့မှာလည်း NLD ပါတီက ဦးဆောင်ပြီး လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်သလို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာလည်း ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးမှာ ဘာသာပေါင်းစုံဆုတောင်းပွဲတွေ ကျင်းပသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မြို့ကြီးအသီးသီးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပွဲတွေ ပြုလုပ်နေပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအပါအ၀င် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြတာကိုတွေ့ရပါတယ်။

အဲဒီထောက်ခံပွဲတွေကို ပြုလုပ်ဖို့ ပါတီဗဟိုက ညွှန်ကြားထားတာမဟုတ်ဘဲ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက် အစိုးရအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ NLD အပါအ၀င် မဟာမိတ်နိုင်ငံရေးပါတီတွေစုပေါင်းပြီး ပြုလုပ်တာဖြစ်တယ် လို့ ဒေါက်တာစိုးဝင်း က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7728,interview,221,knowledge,9,Live,8,LocalNews,16360,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,155,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: NLD ဦးဆောင်တဲ့ ပထမဆုံးအကြိမ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ
NLD ဦးဆောင်တဲ့ ပထမဆုံးအကြိမ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ
https://3.bp.blogspot.com/-Um_tC3DR5_k/Wdo1n7vp13I/AAAAAAABYYg/T1QwnsbkcHofaMORCclfCRdfXd9amZHQwCLcBGAs/s400/22.jpg
https://3.bp.blogspot.com/-Um_tC3DR5_k/Wdo1n7vp13I/AAAAAAABYYg/T1QwnsbkcHofaMORCclfCRdfXd9amZHQwCLcBGAs/s72-c/22.jpg
dawnmanhon
http://www.dawnmanhon.com/2017/10/nld_36.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/10/nld_36.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy