NVC ကတ် မထုတ်ဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိ



မောင်တောဒေသမှာ နိုင်ငံသားစိစစ်ခံရမည့်သူရဲ့ သက်သေခံကတ်ပြား (National Verification Card- NVC) ပြုလုပ်မှု ကွင်းဆင်းဆောင်ရွက်စဉ်။ Photo: Information Committee
မောင်တောဒေသမှာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်မယ့် သက်သေခံကတ်ပြား NVC ကတ်တွေ မထုတ်ယူဖို့ အကြမ်းဖက်သမားတွေက မွတ်စလင်တွေကို ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တင်ပြထားပြီး ခြိမ်းခြောက်ပြောဆိုသူတွေကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"ကျနော်တို့က ၂၄ နာရီအတွင်း စဉ်ဆက်မပြတ်တင်ပြနေရတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘာဖြစ်တယ်ဆိုတာကို နိုင်ငံတော်အစိုးရက အကုန်သိပါတယ်။ ဒေသခံမွတ်စလင်အသိုင်းအဝိုင်းတွေကို ခြိမ်းခြောက်တာဗျ။ NVC ကတ်ကိုင်မယ်ဆိုရင် ဘင်္ဂလားဒေရှ့်ကို မောင်းထုတ်မှာဖြစ်တယ်။ ဘာညာဆိုပြီး လိမ်ညာပြီး ဝါဒဖြန့်နေတယ်။ ခြိမ်းခြောက်တဲ့ဟာတွေကို ရှာဖွေတာ၊ ဖော်ထုတ်တာ၊ ဖမ်းဆီးတာ၊ အရေးယူတာ ဒါတွေလုပ်နေပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် လိုက်လံဖမ်းဆီးနေရတဲ့ အနေအထားတွေလည်း ရှိပါတယ်"

သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း အောက်တိုဘာ လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မောင်တောဒေသအတွင်း နေထိုင်သူတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား NVC ထုတ်ပေးရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ရမှာ လူဦးရေ ၁၀၀ ခန့် ကတ် စိစစ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလူဦးရေ ၁၀၀ ခန့်အပါအ၀င် လက်ရှိမှာ မောင်တောဒေသအတွင်း နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်တဲ့သက်သေခံကတ်ပြား NVC ကဒ် ၆၈၀၀ ကျော် ထုတ်ပေးထားတယ်လို့လည်း သိရပါတယ်။

အဲဒီသက်သေခံကတ်ပြား ရရှိထားသူတွေအနေနဲ့ အထောက်အထားခိုင် လုံမယ်ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စစ်ဆေးခံပြီး နိုင်ငံသားအဖြစ်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8461,interview,223,knowledge,9,Live,8,LocalNews,17363,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: NVC ကတ် မထုတ်ဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိ
NVC ကတ် မထုတ်ဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိ
https://1.bp.blogspot.com/-tY6nD6I-kNU/WetCYqQSKCI/AAAAAAABZ50/uv6i6p3JZbsOaVHhoKkyuZf-PANztttSwCLcBGAs/s400/1.jpg
https://1.bp.blogspot.com/-tY6nD6I-kNU/WetCYqQSKCI/AAAAAAABZ50/uv6i6p3JZbsOaVHhoKkyuZf-PANztttSwCLcBGAs/s72-c/1.jpg
dawnmanhon
http://www.dawnmanhon.com/2017/10/nvc_22.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/10/nvc_22.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy