AAနှင့်မြန်မာ့တပ်မတော်တို့၏ တိုက်​ပွဲ​ကြောင့်​ ​ကျောင်းသားတစ်​ဦး​သေဆုံးပြီး ​ဒေသခံ ၃ ဦးဒါဏ်​ရာရရှိ


နိုဝင်​ဘာ ၈--

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနှင့်ငရှားကျေးရွာကြားယနေ့မနက် (10:05)နာရီမှ (11:00)နာရီအထိ ရှင်းလက်ဝကျေးရွာပြန် ကုန်တင်စက်လှေတွင် အမျိုးသမီးအဖွါးကြီး(၃)ဦးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသား မောင်အောင်စိုး၊ စက်လှေသမား စုစုပေါင်း (၅)ဦး လိုက်ပါလာသောစက်လှေကို မြန်မာစစ်တပ်စက်လှေအထင်ဖြင့် မှားပြီးပစ်ခတ်ခဲ့ရာ ကျောင်သားလေးမှာသေဆုံးခဲ့သည်။

အဖွါးကြီး(၃)ဦးသည် ပလက်ဝပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြရပါသည်။ စက်လှေသမားမှာ ဒဏ်ရာဒဏ်ချက် မရရှိခဲ့ပါ။


မြန်မာတပ်မတော်စီးပါလာ​သော စက်လှေကိုလည်း AAအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။ AAအဖွဲ့လက်နတ်ကြီးများ အသုံးပြုခြင်း​ကြောင့် မြန်မာစစ်တပ်ဘက်က သေဆုံးသူ(၁၇)ဦးသိရှိသည် သတင်းရပါသည်​။ ဒဏ်ရာရရှိသူဦးရေ များပြားနေသည်ဟု သိရ​သော်​လည်း လူဦး​ရေအတိအကျကို အတည်မပြုနိုင်သေး​ပေ။

Credit: Aikhin
Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.