ရခိုင်ပြဿနာ စိတ်ရှည်ကြဖို့ တရုတ်ပန်ကြား


ရခိုင်အရေးဆွေးနွေးတဲ့ကုလလုံခြုံရေးကောင်စီ အစည်းအဝေးသတင်းဓာတ်ပုံ- စက်တင်ဘာ ၂၈-၂၀၁၇
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စိတ်ရှည် သည်းခံကြဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအဖွဲ့ ယာယီ အကြီးအကဲက ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ မြန်မာအစိုးရပိုင်း ကြိုးပမ်းမှုတွေရဲ့ ရလဒ်အဖြစ် တည်ငြိမ်တဲ့ ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအဖွဲ့ ယာယီ အကြီးအကဲ Wu Haitao က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာဟာ သမိုင်းနဲ့ ချီပြီး လူမျိုးရေး ဘာသာရေးတွေနဲ့ ဆက်နွယ်နေတဲ့ ရှုပ်ထွေးတဲ့ ပြဿနာ ဖြစ်ပြီး များပြားလှတဲ့ မတူကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေ အဲဒီဒေသမှာ ကာလ ကြာရှည်စွာ ဖြစ်ပွါးနေတာ ဖြစ်ကြောင်း လည်း Wu က ပြောပါတယ်။

အခုအချိန်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေက ဒုက္ခသည် ပြဿနာကို ညှိနှိုင်း တိုင်ပင်မှုတွေနဲ့ အဖြေရှာဖို့ ကြိုးစားနေကြတာ ဖြစ်ပြီး ဒီလို အချိန်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စိတ်ရှည်ရှည် ထားကြဖို့နဲ့ ဒီပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အထောက်အကူတွေ ပေးပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း Wu က ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.