ဗီယက်နမ်၏ အောင်မြင်မှုကို အမေရိကန်သမ္မတ ချီးမွမ်း


ဗီယက်နမ်ရဲ့ အောင်မြင်မှုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၁ ရက်နေ့က ချီးကျူး ပြောဆိုလိုက်ပါတယ်။

ထရမ့်ရဲ့ အာရှပစိဖိတ် ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၁ ရက်နေ့ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ သမ္မတတည်ခင်းတဲ့ တရားဝင် ဂုဏ်ပြုဧည့်ခံပွဲအတွင်း ခုလို ပြောလိုက်တာပါ။

“ဗီယက်နမ်ရဲ့ ဇာတ်လမ်းဟာ အံ့မခန်းပဲ။ အင်မတန် အထင်ကြီးစရာ ကောင်းတယ်။ ဘယ်နေရာက လာခဲ့တယ်။ ဘယ်သူဖြစ်တယ်ဆိုတာ အရေးမကြီးဘူး၊ အခု ဗီယက်နမ်မှာ ဖြစ်နေတာကို ကြည့်ရင် ဒီ့ထက်ပို အထင်ကြီးစရာ မကျန်ဘူး” လို့ လည်း ထရမ့်က ပြောပါတယ်။

ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းသာမြို့ ဒနန်းမှာ အာရှပစိဖိတ် ခေါင်းဆောင်တွေနဲ့ အစည်းအဝေးအပြီး ထရမ့်ဟာ ဟနွိုင်းမြို့တော်ဆီ ခရီးဆက်ခဲ့တာပါ။

ထရမ့်ရဲ့ ၁၂ ရက်ကြာမယ့် အာရှခရီးစဉ်အတွင်း ဗီယက်နမ်ဟာ လေးနိုင်ငံမြောက်ပါ။

နိုဝင်ဘာ ၁၂ ရက်နေ့အထိ ဗီယက်နမ်မှာ နေပြီးရင် ထရမ့်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.