ဒေါ်အောင်ဆန်းစုကြည် မောင်တောဒုက္ခသည်တွေထံ သွားရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် မောင်တောဒုက္ခသည်တွေထံ သွားရောက်တွေ့ဆုံ (Myanmar State Counsellor Office)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရတဲ့ ဒေသကို သွားရောက် ကြည့်ရှုပြီး ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသက ဒေသခံတိုင်းရင်းသားတွေ၊ မူဆလင်တွေကိုပါ တွေ့ဆုံခဲ့သလို ဒေသတွင်း ပြန်လည်ထူထောင်ရေး အခြေအနေတွေကိုလည်း ကြည့်ရှုလေ့လာခဲ့တာပါ။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးသွားတယ်လို့ဆိုတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်က ၂ နိုင်ငံချစ်ကြည်ရေးတံတားရှိရာ တောင်ပြိုလက်ဝဲမြို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်းနဲ့ ဒုက္ခသည် ၆ သိန်းကျော် ဟာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက ဝေဖန်မှုတွေနဲ့ ဖိအားတွေ ထွက်ပေါ်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် နောက်ဆုံးအကြိမ် ခရီးစဉ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ ကာလတုန်းက သံတွဲမြို့ကိုသွားခဲ့ဖူးပါတယ်။ ဒီကနေ့ ခရီးစဉ်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးသိန်းဆွေ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့အပြင် စီးပွားရေး လုပ်ငန်းရှင်တချို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။


VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.