ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကလေးတစ်ယောက်ကြီးလာရင် ဘာလုပ်မလဲဆိုတာကိုပဲ စိတ်ဝင်စားကြောင်း စာရေးဆရာဦးမင်းကိုနိုင် မှ ဟောပြောခဲ့



၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့က သတ္တမအကြိမ်မြောက် သန်လျင်မြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ မှ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၃)နှစ်မြောက် စာဆိုတော်နေ့အထိမ်း
အမှတ်စာပေဟောပြောပွဲတွင် စာရေးဆရာဦးမင်းကိုနိုင်"လူလေးကြီးလာရင် ဘာလုပ်မလဲ" ခေါင်းစဉ်ဖြင့် ဟော
ပြောခဲ့သည်များမှ ထုတ်နှုတ်ဖော်ပြသည်။

နိုင်ငံတကာမှာက ကလေးတစ်ယောက်ရဲ့ လွတ်လပ်စွာ
ပြောဆိုခွင့်ကို မပိတ်ပင်ဘူး၊ ဆိုလိုတာကတော့ သူတို့ လူ့အဖွဲ့အစည်းမှာ ကလေးတစ်ယောက်ရဲ့ စိတ်ကနုနယ်
သေးတော့ ပြောင်းလဲပြေးလွှားနေလိမ့်မယ်။ သူတို့နားလည်တာ ကလေးတစ်ယောက်ရဲ့ သစ္စာတရား၊ အမှန်တရားကိုပြောခွင့်ပေးတာ၊ ကျနော်တို့ လူ့အဖွဲ့အစည်း
မှာကြတော့ တကယ်ဖြစ်ချင်တာကို ပြောခွင့်မရတဲ့အပြင် ကိုယ်ကြိုက်ကြိုက်မကြိုက်ကြိုက် လူကြီးကြိုက်တာကို ပြောရတယ်။ ကျွန်တော်တို့တစ်တွေက ပြောင်းလဲချိန်
တန်ဖို့အမျိုးမျိုးကြိုးစားကြတယ်၊ ပြောင်းလဲဖို့လဲ ကြိုးစား တယ်၊ ကျနော်တို့ ကလေးတွေက ဒီကနေ့အထိ လူကြီး
ကြိုက်ပြောရမယ်ဆိုတဲ့ အသိက ရှိနေတုန်းပဲ။ ကိုယ်ယုံကြည်တာ၊ ကိုယ်မြတ်နိုးတာ၊ ကိုယ်တန်ဖိုးထား
တာကို မပြောရဘဲနဲ့ လူကြီးကြိုက်အောင်ပြောရမယ် သိပ်တော့ မထူးဘူး။

အောင်မြင်နေတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် ကလေးတွေကို သူတို့ ယုံကြည်တဲ့ အတိုင်းပြောခွင့်ပေးတယ်၊ သူ့ရဲ့ အခွင့်အရေးကို သွားပြီးမပိတ်ပင်ဘူး၊ နောက်တစ်ချက်က ကြီးလာရင် မင်းဘာလုပ်ရမယ်ဆိုတဲ့ အစား အသက်မွေးဝမ်းကျောင်းတွေရဲ့ တန်ဖိုးတွေကို ရှင်းပြတယ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာကြတော့ ကလေး တစ်ယောက်ကြီးလာရင် ဘာလုပ်မလဲဆိုတာကိုပဲ စိတ်ဝင်စားကြတယ်။ ကလေးတစ်ယောက် ကျောင်းကပြန်ရောက်ရင် အလွတ်ကျက် ၊ ဂဏန်းတွက်တာနဲ့ပဲ ပြီးနေတယ်၊ ကမ္ဘာကြီးမှာကျတော့ ကလေးတစ်ယောက်ကို စာမသင်ခင် စိတ်တွေကို အရင်သင်ပေးတယ်။ကျွန်တော်တို့ပညာရေးကတော့ စာအရင်သင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ကို ပြိုင်ခိုင်းတယ်၊ တကယ်ပြိုင်ရမှာက ဓမ္မ နဲ့ အဓမ္မ ကိုအားပြိုင်ရမယ်။ မတရားတာ ကို တရားအောင်
လုပ်ရမယ်လို့ ၄င်းက ဟောပြောခဲ့ပါတယ်။

ဓါတ်ပုံ - မောင်သိန်း(ဒဿနိက)

COMMENTS

Name

art,1,article,1335,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,35,history,2,international,8108,interview,222,knowledge,9,Live,8,LocalNews,16845,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,183,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကလေးတစ်ယောက်ကြီးလာရင် ဘာလုပ်မလဲဆိုတာကိုပဲ စိတ်ဝင်စားကြောင်း စာရေးဆရာဦးမင်းကိုနိုင် မှ ဟောပြောခဲ့
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကလေးတစ်ယောက်ကြီးလာရင် ဘာလုပ်မလဲဆိုတာကိုပဲ စိတ်ဝင်စားကြောင်း စာရေးဆရာဦးမင်းကိုနိုင် မှ ဟောပြောခဲ့
https://4.bp.blogspot.com/-pXz9SlewBt8/WhFrOV8hpWI/AAAAAAAAdvE/jeLCMoy9OaIauEtMSugP2cunkcF9HDQhQCLcBGAs/s640/q1.jpg
https://4.bp.blogspot.com/-pXz9SlewBt8/WhFrOV8hpWI/AAAAAAAAdvE/jeLCMoy9OaIauEtMSugP2cunkcF9HDQhQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/11/blog-post_314.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/11/blog-post_314.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy