ရေစကြို - နိုဝင်ဘာ ၁ဝ
ခေတ်အဆက်ဆက်၏ရှေးဟောင်းစေတီ ပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပေါများသဖြင့် ဒုတိယပုဂံဟုပင် တင်စားခေါ်ဝေါ်ကြရ သည့် ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ရှိ ပခန်းကြီးမြို့ဟောင်းတွင် တည်ရှိသော လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ဝခန့်က ကျီဝန် မင်း ဦးဘိုးတုတ်၊ ဒေါ်ဖဲတို့တည်ဆောက်လှူဒါန်းခဲ့သည့် ပခန်းကြီးရှေးဟောင်း ကျောင်းတော်ကြီးသို့ လာရောက်လေ့လာ သူ များပြားလာလျက်ရှိနေကြောင်း သိရ သည်။
အဆိုပါ ပခန်းကြီးကျောင်းတော်ကြီး မှာ ကျွန်းတိုင်ပေါင်း ၂၅၄တိုင်ဖြင့် တည် ဆောက်ထားပြီး အလျား ၂၄ ပေ၊ အနံ ၁၂ပေ ရှိသည်။
တိုင်တစ်လုံးလျှင် လုံးပတ် ၆ ပေ ၄လက်မမှ ၇ပေ ၂ လက်မထိ အရွယ်ရှိပြီး တိုင်အမြင့်မှာ ပေ ၅ဝ မှ ပေ ၉ဝ အထိ အမြင့်ရှိကြောင်း သိရသည်။ တိုင်များမှာ အဆက်မပါဘဲ ဖြောင့်တန်းနေသောကျွန်း တိုင်လုံးကြီးများဖြစ်ပြီး ကျွန်းကျောင်း တော်ကြီးကို သုံးဆင့်လည်ပေါ် ပြာသာဒ် ဘုရားဆောင်၊ ဘောဂဆောင်၊ ကျက်သရေခန်းဆောင်၊ စင်္ကြံလမ်း လှေကားငါးစင်းတို့ကို ခံ့ညားထည်ဝါစွာ ထည့်သွင်း တည်ဆောက်ထားသည်။
ထို့အပြင် စနုဆောင်အတွင်းမျက်နှာ ကြက်တွင်ပန်းပွင့်များ၊ ကျောင်းနံရံများ တွင် ခြူးပန်းကနုတ်များ၊ မာရဘင်မှန်ကူ ကွက်နှင့် ကြာပွင့်များပုံဖော်ထားပြီးပန်း ဆိုင်းပန်းနွယ်နရားဆိုင်း၊ နရာြး<ွကစာမရီ ပန်းများကို သစ်သားတွင် ထွင်းထုထား သော တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ လက်မှု ပန်းပုပညာများကို မြင်တွေ့ ရမည်ဖြစ်သည်။ ထီးကိုင်၊ သန်လျက်ကိုင်၊ သားမြီးယပ်ကိုင်၊ နတ်ရုပ်၊ ဘီလူးရုပ် တို့ကိုလည်း တံခါးရွက်များတွင် ထွင်းထု ထားသည်ကို တွေ့ရသည်။
''ပွင့်လင်းရာသီဆိုရင်တော့များ များလာတယ်၊ နွေရာသီဘက်ဆိုရင်တော့ အလာနည်းတယ်၊ အရင်နှစ်တွေကတော့ ဒီလောက်မလာကြဘူး၊ အခုကလမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းလာတော့ ဧရာဝတီတံတား၊ ပခုက္ကူကလည်းပေါက် လာတော့ ဒီနှစ်လာတဲ့သူတွေ ပိုများ တယ်'' ဟု ရှေးဟောင်းသုတေသန လက်ထောက် ဦးစိုးမင်းက ပြောသည်။
အဆိုပါ ပခန်းကြီးကျွန်းကျောင်း တော်ကြီးကို မင်းတုန်းမင်းတရားကြီး၏ ကျီဝန်မင်း ဦးဘိုးတုတ်က ငယ်ဆရာတော် ဦးဂုဏအား ၁၂၃ဝ ပြည့်နှစ်ခန့်က ကျောင်းတော်ကြီး ဆောက်လုပ်ရန် လိုအပ်သော ကျွန်းသစ်များကို မင်းတုန်း မင်းတရားကြီးထံ သစ်ခုတ်မိန့်ခံ၍ အထက်အညာကျွန်းတောများမှခုတ် ယူကာပခန်းကြီးမြို့သို့ ရှော့ရိုးတူးမြောင်း အတိုင်းသွင်းပြီးလျှင် ဆင်နှင့်ဆွဲငင်၍ ကျောင်းဆောက်မည့်နေရာသို့ သယ်ယူခဲ့ ကြောင်း သိရသည်။ သစ်ဖိုးငွေကုန်ကျ ခြင်း မရှိခဲ့သော်လည်း သစ်သယ်ယူစရိတ် နှင့် လက်သမားခကုန်ကျငွေမှာကွမ်းသီး တစ်လုံးဖိုးဟူ၍ပါဠိသင်္ချာ အက္ခရာများ အရ နေ့နံကိန်းများကို နောက်မှရှေ့သို့ ပြန်လည်ရေတွက်ရသဖြင့် ဖိုးလုံးတစ်သီး ကွမ်းဟု ပြန်လည်မှတ်ယူရရာ ၅၄၇၆၂$ ဖြစ်သည်ဟု သိရသည်။
ပခန်းကြီး ကျောင်းတော်ကြီးသို့ နိုင်ငံခြားသားဧည့်သည်လာရောက် လေ့လာမှုမှာ ဇန်နဝါရီလမှ အောက်တို ဘာလအထိ လူဦးရေ ၇၇၁ ဦးရှိကြောင်း ပခန်းကြီးရှေးဟောင်း သုတေသနဌာနမှ သိရသည်။
အိမွန်ဆွေ (ရေစကြို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
COMMENTS