ရုရှားနိုင်ငံမှ လက်နက်များ ၀ယ်မည်ဟု ဖိလစ်ပိုင်သမ္မတပြော


ရုရှားကနေ လက်နက်တွေ ဝယ်မယ်လို့ ဖိလစ်ပိုင်သမ္မတက ရုရှားသမ္မတကို ပြောလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အေးပက်ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးအတွင်း နိုဝင်ဘာ ၁၀ ရက်နေ့က ပြောလိုက်တာပါ။

သမ္မတ သက်တမ်းမကုန်ခင်မှာ အားကောင်းတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို တည်ဆောက်ဖို့ဟာ မျှော်လင့်ချက် အိမ်မက်ပဲ၊ ဒါကြောင့် ရုရှား လက်နက်တွေကို ဝယ်ချင်တယ်လို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူဒါတေက ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကို ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းက မာရာဝီမြို့ကို လနဲ့ချီ သိမ်းထားတဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို လိုလားတဲ့ သူပုန်တွေအား နှိမ်နင်းရာမှာ အကူအညီပေးခဲ့တဲ့ ရုရှကို ကျေးဇူးတင်တယ်လို့ ဒူဒါတေက ပူတင်ကို ပြောပါတယ်။

အမေရိကန်ကနေ တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေ အလက် ၂ သောင်းကျော် ဝယ်မယ့် အစောပိုင်းက စီမံကိန်းဟာ ဒူဒါတေရဲ့ မူးယစ်စစ်ပွဲကြောင့် ပိတ်ဆို့ခံခဲ့ရတာပါ။

လတ်တလော လတွေအတွင်း တရုတ်နဲ့ ရုရှားတို့ဟာ ဖိလစ်ပိုင်နဲ့ ဆက်ဆံရေး တိုးတက်ခဲ့ပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ရိုင်ဖယ် အလက် ၁၁၀၀၀ ကုန်ကားတွေကို လှူဒါန်းခဲ့ကြပါတယ်။

တကယ်လို့ ရုရှားနဲ့ တရုတ် စစ်လက်နက်တွေသာ အရည်အသွေး ယှဉ်နိုင်မယ်ဆိုရင် အမေရိကန်နဲ့ အနောက်ဥရောပ လက်နက်ကိရိယာတွေအတွက် အကောင်းဆုံး အစားထိုးစရာ ဖြစ်လာမယ်လို့ ဖိလစ်ပိုင် အကြီးတန်း စစ်ဘက် အရာရှိတယောက်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

အရင်လက ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိလစ်ပိုင်ကို ပထမဆုံး အလည်အပတ်ခရီး အတွင်း ပစ္စည်းကိရိယာတွေ ပံ့ပိုးဖို့ အစိုးရပိုင် ကုမ္ပဏီနဲ့ စာချုပ်အပါအဝင် စစ်ဘက် သဘောတူညီချက်တရပ်ကို ဖိလစ်ပိုင်နဲ့ ရုရှား အစိုးရကြား လက်မှတ်ရေးထိုးခဲ့ပါတယ်။

==========

DVB TV News

http://burmese.dvb.no/archives/237862
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.