နိရဉ္စရာ၊ နိုဝင်ဘာ ၂
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီခန့်က စစ်တွေမြိုသို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး ယခုအခါ မောင်တောမြို့သို့ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာသွားခဲ့သည်ဟု အစိုးရနှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တွေသို့ ရောက်ရှိလာပြီးနောက် လူငယ် ၁၁ ဦးနှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ဆက်စပ်ပြီ ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုတို့လည်း မောင်တောသို့ လိုက်ပါသွားသည်ဟု သိရသည်။
စစ်တွေမြို့တွင် ဆရာတော်ကြီးများနှင့်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရှိကြောင်း သိရသည်။
နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
COMMENTS