ဗီယက်နမ်သမ္မတက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲကို တက်ရောက်ဖို့ ဗီယက်နမ်မှာ ရောက်ရှိနေကြတဲ့ နိုင်ငံခေါင်းဆောင်တွေကို ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ဗီယက်နမ်သမ္မတက ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဗီယက်နမ်သမ္မတ ထရန် ဒိုင်ကွမ်က တည်ခင်းဧည့်ခံခဲ့တဲ့ အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

အလားတူ ညစာ စားပွဲ တက်ရောက်လာသူ ခေါင်းဆောင်အများစုကတော့ ဗီယက်နမ် ရိုးရာစတိုင် ဆင်တူတဲ့ ရှပ်အင်္ကျီတွေ ၀တ်ဆင်ပြီး တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ညစာ စားပွဲကိုတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှ သမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အပါအ၀င် နိုင်ငံခေါင်းဆောင်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/34099
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.